Live
Home
မြန်မာသတင်း
ငဖဲမြို့နယ် နတ်ရေကန် ဒေသတွင် ဘိန်းစိုက်ခင်း ၂၅ ဧက ထပ်မံဖျက်ဆီး
DVB
·
January 26, 2018
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဒေသမှာ ဇန်နဝါရီ ၂၂ ရက်ကနေ ၂၄ ရက်နေ့ထိ ၃ ရက်အတွင်း ဘိန်းစိုက်ခင်း ၂၅ ဧကကို ဂုတ်ကြီးကျေးရွာ၊ ဘုံးဘောကျေးရွာနဲ့ ဆားပေါက်ကျေးရွာ လူငယ်တွေနဲ့ စစ်ကြောင်းအဖွဲ့တွေ ပူးပေါင်းပြီး ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် နတ်ရေကန်ဒေသဝန်းကျင်မှာ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့ ပူပေါင်းစစ်ကြောင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၂ ကနေ ၂၈ ရက်အထိ ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးသွားမယ်လို့ ဂုတ်ကြီးစခန်မှူး ရဲအုပ်ကျော်မျိုးက ပြောပါတယ်။ တပ်မတော်သားတွေနဲ့ ငဖဲမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းအဖွဲ့တွေက ဘိန်းစိုက်အပင် အမြင့် ၃ ပေကနေ ၄ ပေ လောက်ရှိတဲ့ ဘိန်းစိုက်ခင်းထဲက အပင်တွေကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ၂၀၁၇ ဒီဇင်ဘာလအတွင်းက ပူပေါင်းစစ်ကြောင်းအဖွဲ့က ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီးခဲ့ပြီး စုစုပေါင်း ၇၈ ဧက ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကာ အခုလို ဖျက်ဆီးရတာဟာ တမျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်တဲ့ ဘိန်းစိုက်ခင်းတွေကို လူသူ အရောက်အပေါက် နည်းတဲ့ တောင်ပေါ်တွေမှာ စစ်ကြောင်းအဖွဲ့နဲ့ လိုက်လံရှာဖွေပြီး ဖျက်ဆီးရတာလို့ ရဲအုပ်ကျော်မျိုးက ပြောပါတယ်။ သတင်း - မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024