DVB Logo
Home
အာရှဒေသ
ကမ္ဘောဒီးယားမှာ သစ်တောထိန်းသိမ်းရေးလှုပ်ရှားသူ အသတ်ခံရ
DVB
·
May 8, 2012
ကမ္ဘောဒီးယားမှာ သစ်တောထိန်းသိမ်းရေးလှုပ်ရှားသူ အသတ်ခံရ
Donate to DVB

“ကျနော်တို့ ကွင်းဆင်းလေ့လာမှုအရ သစ်တောက ၂၅ ရာခိုင်နှုန်းပဲကျန်တာ တွေ့ရတယ်။ အနာဂတ်မှာ သစ်တောတွေ အကုန်လုံး ပျက်စီးမှာကို ကျနော်တို့ သတိပေးနေရတယ်။ ရာဘာစိုက်တဲ့ကုမ္ပဏီတွေ နောက်ထပ် သစ်တောကို မဖျက်ဆီးအောင် အစိုးရက အကာအကွယ်ပေးဖို့ လိုတယ်။ ကျနော်တို့နိုင်ငံမှာ သစ်တောက နည်းနည်းပဲ ကျန်တော့တာ၊ အဲဒါကိုလည်း ဖျက်ဆီးပစ်နေကြတယ်” ကမ္ဘောဒီးယားမှ ထင်ရှားတဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ‘ချု့ဝတ်တီ’ ပြောခဲ့တဲ့စကားတွေပါ။
လွန်ခဲ့တဲ့နှစ်လက သူ ဦးဆောင်ပြီး ကမ္ဘောဒီးယားရဲ့ အဖိုးတန် သစ်ပင်တွေ ပေါများကြွယ်ဝတဲ့ အလွန်ရှေးကျတဲ့ သစ်တောလို့ တင်စားခံရတဲ့ Prey Lang သစ်တောထဲမှာ တရားမ၀င် သစ်ပင်ခုတ်တာတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ ရဲက သူ့ကို ပစ်သတ်ခဲ့ပါတယ်။ သူဟာ ကမ္ဘောဒီးယားမှာ သဘာဝပတ်ဝန်းကျင်အရေး ပွင့်ပွင့် လင်းလင်း ပြောဆိုဝေဖန်လှုပ်ရှားသူ ဖြစ်ပြီး၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု မျိုးစုံ ကြုံခဲ့ရသူ ဖြစ်ပါ တယ်။ အေရှားကောလင်း သတင်းထောက် ဘိုရင်းနောင် (Borin Noun) က ချု့ဝတ်တီ ရဲ့ ဈာပနအခမ်းအနားကို သွားရောက်ပြီး သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013