DVB Logo
Home
မြန်မာသတင်း
ထိုင်း​-မြန်မာနယ်စပ် ဂိတ်အချို့​ကို ဒီ​ကေဘီ​အေ ပိတ်ပစ်
DVB
·
May 7, 2012
ထိုင်း​-မြန်မာနယ်စပ် ဂိတ်အချို့​ကို ဒီ​ကေဘီ​အေ ပိတ်ပစ်
Donate to DVB

မူး​ယစ်​ဆေး​ဝါး​အမှုနဲ့​ ထိုင်း​အစိုး​ရက ဝရမ်း​ထုတ်လိုက်တဲ့​နောက် ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​ ဦး​စီး​တဲ့​ ဒီ​ကေဘီ​အေတပ်က ထိုင်း​-မြန်မာနယ်စပ်က ဂိတ် ၁၀ ဂိတ်ကို ပိတ်ပစ်လိုက်ပြီလို့​ ဒီ​ကေဘီ​အေ တပ်မှူး​တဦး​က ​ပြောပါတယ်။

[caption id="attachment_25022" align="alignright" width="310" caption="photo - Francis Wade"][/caption]

ထိုင်း​-မြန်မာနယ်စပ်မှာချထား​တဲ့​ တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော် (ဒီ​ကေဘီ​အေ)ရဲ့​ တပ်မှူး​တဦး​ဖြစ်တဲ့​ ဗိုလ်မှူး​ စန်း​အောင်က တပ်ခရိုင်နဲ့​ မျက်နှာချင်း​ဆိုင်က ဂိတ်​ပေါက် ၁၀ ခုကို ပိတ်ထား​လိုက်တယ်လို့​ ​ပြောပါတယ်။

“ညွှန်ကြား​ချက်ရတဲ့​ လူ​တွေကို အကုန်ပိတ်ခိုင်း​ထား​တယ်။ တချို့​တပ်​တွေကျ​တော့​ အချိန်မီ ညွှန်ကြား​ချက်မရတာ ရှိတယ်​လေ။ ကျ​နော်တို့​ လက်လှမ်း​မီတဲ့​ ဂိတ်​တွေ​တော့​ ပိတ်ထား​တယ်။ ၁၀ ဂိတ်​ကျော်ပြီ။ ကျ​နော်တို့​တပ်​တွေကို ဟိုဘက်ခြမ်း​ ဒီဘက်ခြမ်း​ လူသွား​လူလာ ​ပေး​မလုပ်ဖို့​။”

ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ကို ဖမ်း​ပေး​ဖို့​၊​ လွှဲ​ပြောင်း​ပေး​ဖို့​ မြန်မာဘက်ကို ထိုင်း​က တရား​ဝင် ​တောင်း​ဆိုလိုက်တဲ့​အချိန်မှာ နယ်စပ်မှာ အ​ခြေအ​နေ​တွေ တင်း​မာလာတာပါ။

၂၀၀၃ ခုနှစ်တုန်း​က နယ်စပ်မူး​ယစ်​ဆေး​ဝါး​မှောင်ခိုမှုမှာ ပတ်သက်ခဲ့​တယ်ဆိုတဲ့​ ထိုင်း​အစိုး​ရရဲ့​ စွပ်စွဲချက်​တွေကို ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ဘက်က ငြင်း​ဆန်ထား​ပြီး​ နိုင်ငံတကာ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​အဖွဲ့​တွေ လာ​ရောက်စစ်​ဆေး​နိုင်တယ်လို့​ အကြိမ်ကြိမ် ဖိတ်​ခေါ်ထား​ပါတယ်။

အခုပိတ်ခဲ့​တဲ့​ ဂိတ်​ပေါက်​တွေဟာ နှစ်ဖက် အ​ရောင်း​အဝယ်နဲ့​ စိုက်ပျိုး​ရေး​သမား​တွေအတွက် ကူး​သန်း​တဲ့​ အဝင်အထွက်ဂိတ်​တွေ ဖြစ်ပါတယ်။

အ​ခြေအ​နေ​တွေ တင်း​မာလာရင် ဒီ​ကေဘီ​အေတပ်​တွေက နှစ်နိုင်ငံ ကုန်သွယ်​ရေး​မှာ အချက်အချာကျတဲ့​ မြဝတီ-မဲ​ဆောက် ချစ်ကြည်​ရေး​ တံတား​ကို ပိတ်ပစ်ဖို့​ ဆန္ဒရှိတယ်လို့​ ဒီ​ကေဘီ​အေ တပ်မှူး​ ဗိုလ်မှူး​ စန်း​အောင်က ​ပြောပါတယ်။

“မြဝတီတံတား​ကို ပိတ်ဖို့​တော့​ ကျ​နော်တို့​ ကြိုး​စား​ကြည့်​တယ်။ ခရိုင်က​နေ ပြည်နယ်ကို တင်​ပေး​ဖို့​၊​ ပြည်နယ်က​နေ အ​ရှေ့​တောင်တိုင်း​ထိ တင်​ပေး​ဖို့​ ကျ​နော်တို့​ ​ပြောတယ်။ တရား​ဝင် တုံ့​ပြန်တာ​တော့​ မရှိဘူး​။ တပ်​တွေတိုး​ပြီး​တော့​ ချထား​တာ​တော့​ ​တွေ့​ရတယ်။ ကျ​နော်တို့​နိုင်ငံရဲ့​ ဂုဏ်သိက္ခာနဲ့​ သူတို့​ အိမ်နီး​ချင်း​နိုင်ငံနဲ့​လည်း​ မျက်နှာမပျက်ချင်ပါဘူး​။ ဒီနိုင်ငံ​တော်မှာ ခွင့်​ပြုချက်​တောင်း​တယ်။ သူတို့​ပိတ်​ပေး​မယ်၊​ ဖွင့်​ပေး​မယ်ဆိုတာ ကျ​နော်တို့​ကို တရား​ဝင်​ပြောထား​တာ မရှိဘူး​ဗျ။ ကျ​နော်တို့​ ​အောက်​ခြေက တပ်မှူး​တွေကို ဗိုလ်ချုပ်က မရမက ပိတ်ပါ​ပြောလို့​ရှိရင် ပိတ်ရမှာပဲ။ ကျ​နော်တို့​က စစ်သား​တွေဆို​တော့​ အထက်အမိန့်​ကို နာခံရမှာပဲ။

“သတင်း​စာရှင်း​လင်း​ပွဲ​ပေါ်မှာ မူတည်ပြီး​တော့​ ကျ​နော်တို့​ကို ဆက်​စောင့်​ကြည့်​ပါဦး​လို့​ ​လေး​လေး​နက်နက် ညွှန်ကြား​တာရှိတယ်။ ကျ​နော်တို့​ ဗိုလ်ချုပ်က အဲ့​လို ညွှန်ကြား​တော့​ ကျ​နော်တို့​ ​စောင့်​ရမယ်။ ကျ​နော်တို့​က တရား​သောစစ်ကို ဆင်နွှဲဖို့​ရာ ဘယ်သူပဲဖြစ်ဖြစ် ကျ​နော်တို့​က ဝန်မ​လေး​ဘူး​။ ထိုင်း​က ကျ​နော်တို့​ကို မတရား​သောနည်း​နဲ့​ ဖိနှိပ်မယ်ဆိုရင် ကျ​နော်တို့​ ကာကွယ်ရမှာပဲ။ ဘယ်သူဘယ်ဝါမဆို​ပေါ့​လေ။ ဖမ်း​မယ်ဆိုရင်လည်း​ ကျ​နော်တို့​က ကာကွယ်ရမှာပဲ။ ဒါကျ​နော်တို့​ရဲ့​ လက်ရှိအ​နေအထား​ပေါ့​လေ။”

ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​ ​ခေါင်း​ဆောင်တဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲကျင်း​ပတဲ့​ အချိန်မှာ ​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တဲ့​အ​နေနဲ့​ မြဝတီမြို့​ကို နာရီတချို့​သိမ်း​ပိုက်ခဲ့​ဖူး​ပါတယ်။

မြဝတီမြို့​က ကုန်သည်တဦး​က​တော့​ တံတား​အောက်မှာ မြန်မာအစိုး​ရတပ်တချို့​ လုံခြုံ​ရေး​ချ​ပေမယ့်​ ကုန်သွယ်မှု​တွေက​တော့​ ပုံမှန်အတိုင်း​ ရှိ​နေတယ်လို့​ ​ပြောပါတယ်။

“အ​ခြေအ​နေက​တော့​ ပုံမှန်ပါပဲ။ ဘာမှထူး​ခြား​မှုမရှိဘူး​။ ကုန်သည်​တွေလည်း​ ပုံမှန်ပဲသွား​နေကြတယ်။ တံတား​အောက်​တွေမှာ အ​စောင့်​နည်း​နည်း​ ပိုများ​လာတာတခုပဲ၊​ ပိတ်တာတို့​ဘာတို့​တော့​ ဘာမှမရှိ​သေး​ဘူး​။”

ထိုင်း​သတင်း​စာတ​စောင်ဖြစ်တဲ့​ ဘန်​ကောက်ပို့​စ်သတင်း​မှာ​တော့​ မြန်မာပြည်ဘက်ခြမ်း​မှာ အခုလို အ​ခြေအ​နေ​တွေ ဖြစ်​နေ​ပေမယ့်​ ထိုင်း​ဘက် မှာ​တော့​ လုံခြုံ​ရေး​ အ​ခြေအ​နေ ပုံမှန်အတိုင်း​ ရှိ​နေတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013