ကချင်ဒုက္ခသည်အ​ရေး​ အနုပညာရှင်များ​ ပါဝင်ကူညီ

ကိုရဲလွင်
ကချင်ပြည်နယ်မှာ ဖြစ်​ပေါ်​နေတဲ့​ အ​ခြေအ​နေ​တွေကို မ​မေ့​မ​လျော့​ဖို့​နဲ့​ တိုက်ပွဲ​တွေ ရပ်တန့်​ဖို့​ အပါအဝင် တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​နေရတဲ့​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ ရည်ရွယ်ချက်နဲ့​ ဦး​ရဲလွင်နဲ့​ အနုပညာရှင်​တွေ ပါဝင်တဲ့​ လွတ်လပ်ငြိမ်း​ချမ်း​ပန်း​ရဲလမ်း​အဖွဲ့​ဟာ ရန်ကုန်မြို့​တွင်း​က ဆိုင်​တွေမှာ သီဆို​ဖျော်​ဖြေ ရန်ပုံ​ငွေ ရှာ​ဖွေခဲ့​ကြပါတယ်။ မေ ၆ ရက်က စတင်ခဲ့​တဲ့​ ဒီလှုပ်ရှား​မှုအတွက် ရန်ကုန်မြို့​က လက်ဖက်ရည်ဆိုင် ၃ ဆိုင်မှာ သွား​ရောက်​ဖျော်​ဖြေခဲ့​ပြီး​ ဒီ​နေ့​အထိ ရန်ပုံ​ငွေ ၉ သိန်း​ ၂ ​သောင်း​ ရရှိခဲ့​တယ်လို့​ ကိုရဲလွင်က ​ပြောပါတယ်။ အပတ်စဉ် တနင်္ဂ​နွေ​နေ့​တိုင်း​ ဒီလှုပ်ရှား​မှုကို လုပ်​ဆောင်သွား​မှာဖြစ်ပြီး​ ရရှိလာတဲ့​ ရန်ပုံ​ငွေ​တွေကို ကချင် ဒုက္ခသည်​တွေကို ​ပေး​အပ်သွား​မယ်လို့​ ဆိုပါတယ်။ [caption id="attachment_25012" align="alignleft" width="310" caption="ကိုရဲလွင်"][/caption] ဒီလှုပ်ရှား​မှု လုပ်​ဆောင်ရတာနဲ့​ ပတ်သက်ပြီး​ ကိုရဲလွင်က “ကျ​နော်က​တော့​ ရန်ပုံ​ငွေထက် ကချင်ပြည်နယ်ကို သတိ​မေ့​နေတာကို ပြန်ပြီး​တော့​ သတိ​ပေး​လိုက်တဲ့​ သ​ဘောပါပဲ။ ရန်ကုန်​လောကမှာ​တော့​ ​လော​လောဆယ် နိုင်ငံ​ရေး​လောကမှာပဲ နိုင်ငံ​ရေး​ကိစ္စ​တွေနဲ့​ လွှတ်​တော်ကိစ္စ​တွေနဲ့​ အာရုံများ​နေ​တော့​ ကချင်ပြည်နယ်ကို ​မေ့​နေကြတယ်။ အခုလို ထလုပ်လိုက်​တော့​ ပရိသတ်ကလည်း​ လာကူညီမယ်လို့​ ကမ်း​လှမ်း​တဲ့​သူ​တွေလည်း​ ရှိပါတယ်။ သီချင်း​ဆိုတာ​တွေလည်း​ အထူး​ခွင့်​ပြုချက် ​တောင်း​စရာမလိုဘဲနဲ့​ ဆိုလို့​ရတဲ့​ နည်း​လေး​တွေ ​ရွေး​တာ​ပေါ့​။ ပရိသတ်ကလည်း​ လက်ခံတဲ့​အတွက် အား​ရပါတယ်။ တဆိုင်မှာ ၅ ပုဒ်​လောက်ပဲ ဆို​ပေး​နိုင်တယ်။ ပထမဆုံး​အ​နေနဲ့​ဆို​တော့​ ဆိုင်ကို ပရိသတ်များ​တဲ့​အချိန်မျိုး​ကို ​ရွေး​ပြီး​တော့​ မနက် ၈ နာရီက​နေ ၁၁ နာရီထိ လှုပ်ရှား​ကြတယ်။ ပရိသတ်က​တော့​ သူတို့​ကြိုက်တယ်​ပေါ့​။” ဒီအဖွဲ့​မှာ ကိုသား​ထွေး​၊​ ကိုတိုး​လွင် (ဥတ္တရအလင်း​) ၊​ ကိုအိချို၊​ ကိုညီညီလွင်နဲ့​ တခြား​အဖွဲ့​ဝင်​တွေ ပါဝင်ခဲ့​သလို အနုပညာရှင်​တွေလည်း​ ထပ်မံပါဝင်လာနိုင်တယ်လို့​ ​ပြောပါတယ်။ ရန်ကုန်၊​ မန္တ​လေး​၊​ ပဲခူး​က ဆိုင်​တွေကလည်း​ ကမ်း​လှမ်း​တာ​တွေရှိတယ်လို့​ ဆိုပါတယ်။ စား​သောက်ဆိုင်နဲ့​ လက်ဖက်ရည်ဆိုင်​တွေကလည်း​ ဖိတ်ကြား​ထား​တာ​တွေ ရှိသလို စိတ်ဝင်တစား​ ပါဝင်လာပြီး​ အလှူ​ငွေ​တွေ ထည့်​ဝင်ကြတယ်လို့​လည်း​ ​ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ ​သောင်း​နဲ့​ချီတဲ့​ ဒုက္ခသည်​တွေဟာ မြန်မာ-တရုတ် နယ်စပ်တ​လျှောက်နဲ့​ ​တောတွင်း​တွေမှာ ပုန်း​ခို​နေကြရတဲ့​အတွက် ​ထောက်ပံ့​ကူညီတာ​တွေလည်း​ လိုအပ်​နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up