မျက်မမြင် အတိုက်အခံရှေ့နေကြောင့် တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး တင်းမာမှုဖြစ်
DVB
·
May 7, 2012
တရုတ်နိုင်ငံမှ မျက်မမြင် အတိုက်အခံရှေ့နေ ချန်ဂွမ်ချန်းဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး ပေကျင်းမြို့ရှိ အမေရိကန်သံရုံးမှာ ခိုလှုံခဲ့တာကြောင့် တရုတ်နဲ့ အမေရိကန် အစိုးရကြားမှာ သံတမန်ရေးအခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။
တရုတ်ပြည် ရှန်ဒေါင်းပြည်နယ်မှာ အစိုးရက အမျိုးသမီး ၁ သိန်း ၃ သောင်းကျော်ကို အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းမှု၊ သားကြောဖြတ်ခိုင်းမှုတွေ စနစ်တကျလုပ်ခဲ့တာကို ရှေ့နေ ချန်ဂွမ်ချမ်းက ၂၀၀၅ ခုနှစ်မှာ စတင် ဖော်ထုတ်ခဲ့ပါတယ်။ မစ္စတာချန်ကို သံရုံးမှာ ခိုလှုံခွင့်ပေးထားတဲ့အတွက် အမေရိကန်အစိုးရဘက်က တောင်းပန်ရမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒါပေမယ့် သံရုံးမှာ ၁ ပတ်ကြာနေပြီးနောက် မစ္စတာချန်က သူ့ဇနီးနဲ့ ကလေးကို တရုတ်အစိုးရက အသက်အန္တရာယ်ပေးနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုမှာနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်း ပေကျင်းမြို့မှ သတင်းထောက် လန်လီ(Lam Li) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။