DVB Logo
Home
မြန်မာသတင်း
မြန်မာ့​ရိုး​ရာဂီတ ​ပျောက်ကွယ်သွား​မည်ကို ဂီတပညာရှင်များ​ စိုး​ရိမ်
DVB
·
May 7, 2012
မြန်မာ့​ရိုး​ရာဂီတ ​ပျောက်ကွယ်သွား​မည်ကို ဂီတပညာရှင်များ​ စိုး​ရိမ်
Donate to DVB

မြန်မာ့​အသံက အသံလွှင့်​နေတဲ့​ အစီအစဉ်​တွေထဲမှာ မြန်မာသီချင်း​ကြီး​ကဏ္ဍကို ​လျှော့​ချလိုက်ပြီး​ ပံ့​ပိုး​အား​ပေး​မှု​တွေ နည်း​ပါး​လာတဲ့​ ​နောက်ပိုင်း​မှာ မြန်မာ့​ရိုး​ရာဂီတထဲကတခုဖြစ်တဲ့​ ​စောင်း​ပညာ ​ပျောက်ကွယ်သွား​မှာကို ပညာရှင်​တွေက စိုး​ရိမ်​နေကြပါတယ်။

[caption id="attachment_25002" align="alignleft" width="310" caption="ဦးခင်မောင်တင့်​ (ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

အစိုး​ရပိုင် ရုပ်မြင်သံကြား​ဌာန မြန်မာ့​အသံမှာ အရင်က အပတ်စဉ်လွှင့်​နေကျ သီချင်း​ကြီး​ကဏ္ဍ​တွေ ထုတ်လွှင့်​မှုမရှိ​တော့​တဲ့​နောက်ပိုင်း​မှာ ရိုး​ရာ ဂီတနဲ့​ ယဉ်​ကျေး​မှု အနုပညာ​တွေ အား​နည်း​မှေး​မှိန် သွား​မှာကို မြန်မာ့​တူရိယာ ပညာရှင်​တွေက စိုး​ရိမ်​နေကြတာပါ။

စောင်း​ပညာရှင် ဦး​ခင်​မောင်တင့်​က “ဟိုတုန်း​က မြန်မာ့​အသံမှာ အပတ်စဉ် သီချင်း​ကြီး​ကဏ္ဍ​တွေကို တနင်္လာ၊​ ဗုဒ္ဓဟူး​၊​ ​သောကြာ​တွေမှာ လွှင့်​တယ်။ အခု အဲ့​ဒါ​တွေဟာ အခုမရှိ​တော့​ဘူး​။ မြန်မာ့​အသံကလည်း​ အား​ပေး​မှုအတိုင်း​အတာ ​လျော့​နည်း​သွား​ပြီ။ ယဉ်​ကျေး​မှုအတိုင်း​အတာဟာ ​ပြောမယ်ဆိုရင် ဒီပုံစံအတိုင်း​ဆို ပျက်ဖို့​များ​ပါတယ်။ မြန်မာ့​အသံကလည်း​ အား​ပေး​မှုအတိုင်း​အတာ အဆင့်​မတတ်​သော်လည်း​ပဲ နဂိုအတိုင်း​လေး​တော့​ ပြန်ဖြစ်​စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ ဒါဟာ ​တော်​တော်​လေး​ ဝမ်း​နည်း​ဖို့​ကောင်း​တယ်။ မြန်မာ့​အသံကလည်း​ မလွှင့်​သ​လောက်ကို ဖြစ်​နေပါပြီ။”

စောင်း​ပညာရှင် ဦး​ခင်​မောင်တင့်​ဟာ ရန်ကုန်မြို့​က အင်း​ယား​လိတ်ဟိုတယ်မှာ ​စောင်း​တီး​နေတာ (၁၆) နှစ်ကြာ ရှိပြီး​ မြန်မာ့​စောင်း​အ​ကြောင်း​ နိုင်ငံခြား​သား​တွေက အထူး​စိတ်ဝင်စား​ကြတယ်လို့​လည်း​ ဆိုပါတယ်။

“နိုင်ငံခြား​သား​တွေ အ​တော်စိတ်ဝင်စား​ပါတယ်။ သူတို့​ဘာ​တွေ အဓိက​မေး​ကြလဲဆို​တော့​ ​စောင်း​ရဲ့​ဖြစ်​ပေါ်လာပုံအ​ကြောင်း​တွေ၊​ ဘယ်အချိန်ကစ​ပေါ်လဲ။ ဘယ်ရာစုက​ပေါ်လဲ။ ဘယ်နှကြိုး​ကစလဲ ကျ​နော်က ဒါ​တွေကို ရှင်း​ပြရပါတယ်။”

အခု​နောက်ပိုင်း​မှာ မြန်မာ့​ရိုး​ရာတူရိယာ​တွေနဲ့​ ဂီတသီချင်း​ကြီး​တွေဟာ ပရိသတ်စိတ်ဝင်စား​မှု ​လျော့​နည်း​လာသလို ပံ့​ပိုး​အား​ပေး​မှုလည်း​ နည်း​ပါး​လာတာ​ကြောင့်​ တဖြည်း​ဖြည်း​ ​မှေး​မှိန်​ပျောက်ကွယ်လာမှာကို စိုး​ရိမ်စရာအ​ခြေအ​နေ ဖြစ်​နေပါတယ်။ အထူး​သဖြင့်​ မြန်မာ့​စောင်း​ပညာရပ် ပိုမိုထွန်း​ကား​လာနိုင်ဖို့​အတွက် ဂီတပညာရှင်​တွေသာမက ပံ့​ပိုး​အား​ပေး​မှု အပိုင်း​မှာလည်း​ လိုအပ်​နေတယ်လို့​ ဦး​ခင်​မောင်တင့်​က ​ပြောပါတယ်။

“ကျ​နော်တို့​ရဲ့​ အနုပညာ​ပျောက်ကွယ်သွား​တယ်ဆိုတာဟာ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရမယ်ဆိုရင် မြန်မာ​တွေကိုယ်တိုင်ကိုက မြန်မာ့​ယဉ်​ကျေး​မှုကို တန်ဖိုး​ထား​ရမှန်း​ မသိ​တော့​တဲ့​အတွက် ယဉ်​ကျေး​မှု တိမ်​ကောတဲ့​အဆင့်​ကို ​ရောက်ကုန်တာပါ။ ​စောင်း​ပညာရပ် ပိုမို ထွန်း​ကား​လာဖို့​ဆိုတာက ကျ​နော်တို့​ ပညာရှင်​တွေချည်း​ပဲ ​တော်​နေတတ်​နေလို့​ မရပါဘူး​။ အား​ပေး​မှုအတိုင်း​အတာလည်း​ လိုအပ်ပါတယ်။ အား​ပေး​မှုရှိလာပြီဆိုရင် ပိုပြီး​ ထွန်း​ကား​လာမယ်လို့​ မြင်ပါတယ်။ ”

မြန်မာပြည်တွင်း​မှာ အစိုး​ရပိုင်း​က ပံ့​ပိုး​မှုအား​နည်း​နေ​ပေမယ့်​လည်း​ မြန်မာ့​စောင်း​ဟာ နိုင်ငံခြား​သား​တွေ အလာများ​တဲ့​ ​နေရာ​တွေ၊​ ဧည့်​ခန်း​မ​ဆောင်​တွေမှာ အလှပြပစ္စည်း​တခုအ​နေနဲ့​ အ​လေး​ထား​ ပြသ​လေ့​ရှိသလို မြန်မာ့​ယဉ်​ကျေး​မှု ဂီတကိုလည်း​ နိုင်ငံခြား​သား​တွေက ပိုမိုစိတ်ဝင်စား​လာကြတာပါ။

အစဉ်အလာကြီး​မား​တဲ့​ မြန်မာ့​ယဉ်​ကျေး​မှုအနုပညာ​တွေ တိမ်မြုပ်​ပျောက်ကွယ်မသွား​ဖို့​ အဘက်ဘက်က​နေ ပံ့​ပိုး​အား​ပေး​မှု​တွေ လိုအပ်​နေ ​ကြောင်း​ ရိုး​ရာ တူရိယာပညာရှင်​တွေက တိုက်တွန်း​ပြောဆို​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013