အထက်မြန်မာပြည် သတင်း​စာဆရာအသင်း​ဖြစ်​ရေး​ ကြိုး​ပမ်း

သတင်း​စာဆရာအသင်း​ြဖစ်​ေြမာက်​ေရး​ေကာ်မတီ (အထက်ြမန်မာြပည်)
မြန်မာနိုင်ငံအထက်ပိုင်း​က သတင်း​စာဆရာများ​တွေကို ကိုယ်စား​ပြုမယ့်​ သတင်း​စာဆရာများ​အသင်း​ ဖြစ်​ပေါ်​ရေး​အတွက် ဒီ​နေ့​မနက် ၁၀ နာရီက မန္တ​လေး​မြို့​ ၇၈ လမ်း​၊​ လမ်း​ ၃၀ နဲ့​ ၃၁ ကြား​က မင်း​သီဟ ကိတ်ဆိုင်မှာ ပြုလုပ်ပါတယ်။ [caption id="attachment_24986" align="alignleft" width="259" caption="သတင်း​စာဆရာအသင်း​ဖြစ်​မြောက်​ရေး​ကော်မတီ (အထက်မြန်မာပြည်)"][/caption] မန္တ​လေး​မြို့​က အ​တွေ့​အကြုံရှိတဲ့​ စာ​ရေး​ဆရာ​တွေ၊​ သတင်း​စာဆရာ​တွေဆီက အကြံဥာဏ်​တောင်း​ခံပြီး​ လူငယ်သတင်း​စာဆရာ​တွေချည်း​ ပါဝင်တဲ့​ အထက်မြန်မာပြည် သတင်း​စာဆရာများ​ အသင်း​ ဖြစ်​မြောက်​ရေး​ကော်မတီကို ဖွဲ့​စည်း​လိုက်ပါတယ်။ ဖြစ်​မြောက်​ရေး​အဖွဲ့​ဝင်အများ​စုဟာ ယခင်က Myanmar Journalist Network (Mandalay) မှာ သတင်း​စာဆရာများ​ရဲ့​ အကျိုး​ကို ​ရှေ့​ရှု​ဆောင်ရွက်​နေသူ ​တွေဖြစ်ပြီး​ အခုအခါမှာ Myanmar Journalist Network (Mandalay)ကို ဖျက်သိမ်း​ပြီး​ အထက်မြန်မာပြည် ကိုယ်စား​ပြု သတင်း​စာဆရာအသင်း​ ဖြစ်​မြောက်ဖို့​ ​ဆောင်ရွက်ကြတာလည်း​ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up