DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ပုဂံ​ညောင်ဦး​ ဟိုတယ်ဝန်ထမ်း​များ​ အလုပ်သမား​အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေ
DVB
·
May 7, 2012
ပုဂံ​ညောင်ဦး​ ဟိုတယ်ဝန်ထမ်း​များ​ အလုပ်သမား​အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေ
Donate to DVB

ပုဂံ​ညောင်ဦး​ရှိ ဟိုတယ်နဲ့​တည်း​ခိုခန်း​တွေက ဝန်ထမ်း​အား​လုံး​ လူ့​အခွင့်​အ​ရေး​နဲ့​ အလုပ်သမား​အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​နေပါတယ်။ service money (ဝန်​ဆောင်ခ) မရရှိတာ၊​ သတ်မှတ်အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်​နေရတာ၊​ အများ​ပြည်သူ ရုံး​ပိတ်ရက်​တွေမှာလည်း​ ဟိုတယ်ဝန်ထမ်း​တွေအ​နေနဲ့​ အကျိုး​ခံစား​ခွင့်​မှ မရရှိတာ၊​ ဝန်​ဆောင်ခ ရရှိပြန်​ပေမယ့်​လည်း​ အပြည့်​အဝ မရရှိတာ၊​ အချိန်ပို ဆင်း​ပေမယ့်​ အကျိုး​ခံစား​ခွင့်​မရရှိတာ၊​ မတရား​ဖိနှိပ် အချုပ်အချယ်ခံ​နေရတာ​တွေနဲ့​ပတ်သက်ပြီး​ ဟိုတယ်ပိုင်ရှင်​တွေနဲ့​ စီမံအုပ်ချုပ်သူ​တွေက ဘယ်လိုပုံစံနဲ့​ ​ဆောင်ရွက်​နေတယ်ဆိုတာလည်း​ ဝန်ထမ်း​တွေအ​နေနဲ့​ မသိရှိရပါ။ ဒီအ​ခြေအ​နေ​တွေကို ဟိုတယ်နဲ့​ခရီး​သွား​လာ​ရေး​ ပြည်​ထောင်စုဝန်ကြီး​၊​ ပြည်​ထောင်စုအလုပ်သမား​ဝန်ကြီး​နဲ့​တကွ သက်ဆိုင်ရာ ဟိုတယ်ပိုင်ရှင်​တွေအ​နေနဲ့​ မိမိတို့​ရဲ့​ ဟိုတယ်​တွေကို ပြန်လည်ဆန်း​စစ်ပြီး​ ​ဖြေရှင်း​ပေး​စေလိုပါတယ်။

ဒီဗွီဘီအ​နေနဲ့​ ဟိုတယ်ဝန်ထမ်း​ အလုပ်သမား​တွေရဲ့​ အခက်အခဲကို သက်ဆိုင်ရာလူကြီး​တွေ သိရှိ​အောင် တင်ပြ​ပေး​စေလိုပါတယ်။

ဝန်ထမ်း​တဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013