အေစီကစားသမားဟောင်းကြီး ဂျော့ခ်ျဝီယာ လိုက်ဘေးရီးယားသမ္မတအဖြစ် ပထမဆုံးရုံးတက်

ဓာတ်ပုံ - Getty
အေစီမီလန်အသင်းရဲ့ ကစားသမားဟောင်းကြီး ဂျော့ခ်ျဝီယာဟာ ဒီကနေ့မှာတော့ လိုက်ဘေးရီးယားနိုင်ငံသမ္မတအဖြစ် ပထမဆုံး ရုံးတက်ခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိ ဂျော့ခ်ျဝီယာဟာ လိုက်ဘေးရီးယားနိုင်ငံရဲ့ ၂၅ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တာပါ။ ဝီယာအနေနဲ့ ချဲလ်ဆီး၊ အေစီမီလန်၊ မာဆေးလ်၊ မိုနာကို၊ ပီအက်စ်ဂျီ၊ အယ်လ်ဂျားဇီးယားအသင်း အပါအဝင် အသင်းပေါင်း ၁၁ သင်းမှာ ၄၁၁ ပွဲကစားပြီး ၁၉၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ လိုက်ဘေးရီးယား ကစားသမားတဦးအဖြစ် ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့သူဖြစ်ပြီး သူကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုလည်း ဖခင်တဦးအဖြစ် ချီးကျူးခဲ့သူဖြစ်ပြီး သူ့ကို သားတယောက်လို စောင့်ရှောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဝီယာဟာ ၂၀၀၅ ခုနှစ်ကတည်း နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ နိုင်ငံရဲ့သမ္မတ ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up