Saturday, June 10, 2023
Homeမွနျမာသတငျးဆီးရီးယားနိုင်ငံရောက် မိသားစုများ ပြန်ခေါ်ပေးရန် တောင်းဆို

ဆီးရီးယားနိုင်ငံရောက် မိသားစုများ ပြန်ခေါ်ပေးရန် တောင်းဆို

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ မနှစ်က မော်တော်နစ်မြုပ် ရေထဲမျောပါပြီး အခုအခါ ဆီးရီးယားနိုင်ငံ ကို ရောက်ရှိနေတဲ့ သူတို့မိသားစုတွေကို ပြန်ခေါ်ပေးဖို့ မိသားစုဝင်တွေက နိုင်ငံတော် သမ္မတထံ တောင်းဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က စောဒေးဗစ်ထူးအပါအ၀င် လူ ၁၅ ဦး လိုက်ပါတဲ့ ဖျာပုံက ရွှေမိုးအောင်စက်လှေဟာ မုန်တိုင်းကြောင့် မော်တော်နစ်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

ဒီလူတွေသတင်းကို အစအနမရတော့ဘဲ နေရာက ဘီဘီစီအသံလွှင့်ဌာနက ၈-၈-၂၀၁၁ ရက် သတင်းတပုဒ်မှာ အဲဒီလူတွေ ကယ်ဆယ်ခံရပြီး ဆီးရီးယားနိုင်ငံကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်း ထုတ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိသားစုတွေ ပြန်ရောက်အောင်ကူညီနေတဲ့ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဒေါ်မိမိစိန်က ခုလို ပြောပါတယ်။

“ဆီးရီးယားနိုင်ငံမှာ သွားပြီးတော့ ကယ်ဆယ်ထားပါတယ် ဆိုတဲ့ အဲဒီ့သတင်းကို ဒေးဗစ်ထူးရဲ့ အမေ နော်ထူးဖောက သူနားထောင်လို့ သိရတော့၊ ကျမတို့ ဘိုကလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆီကို အကူအညီတောင်းပါတယ်။ ဘီဘီစီအသံလွှင့်ဌာနနဲ့ ကျမတို့လှမ်း ဆက်သွယ်ပြီး မေးလိုက်တဲ့အခါကျတော့ ဒါဆိုရင်တဲ့ အဲဒီ့က ပျောက်ဆုံးသွားတဲ့လူတွေ စာရင်းကို ပြောပြပါတဲ့။ အဲဒါနဲ့ ကျမတို့က ပျောက်ဆုံးသွားတဲ့လူတွေ စာရင်းတွေ ကို ပြောပြလိုက်တယ်။ ပြောပြလိုက်တဲ့အခါကျတော့ ဆီးရီးယားနိုင်ငံမှာ  ရောက်ရှိနေတဲ့ လူတွေနဲ့ အတူတူ ဖြစ်နေတာ မှန်တဲ့အကြောင်းကို သူတို့ ကျမတို့ကို ပြန်ပြီးတော့ ဆက်သွယ်ပြီးတော့ ပြောပါတယ်။”

အဲဒီနောက် သူတို့တွေဟာ ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို အကူအညီတောင်းရာ ဆီးရီးယားမှာ အိုင်အယ်လ်အိုဆက်ဆံရေး ရုံးခွဲမရှိတဲ့အတွက် အကူအညီ မပေးနိုင်တာကြောင့် သူတို့တွေကို ပြန်လည်ခေါ်ဆောင်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ စာရေးပြီး အကူအညီ တောင်းခဲ့ကြပါတယ်။ ဒါပေမယ့် တစုံတရာ ပြန်ကြားလာခြင်း မရှိတဲ့အတွက် သမ္မတထံ ဒီလူတွေကို ပြန်လည်ခေါ်ဆောင်ပေးဖို့ စာပို့တောင်းဆိုတာ ဖြစ်ပါတယ်။

လှေမြုပ်တဲ့​အထဲပါသွား​တဲ့​ ​စော​ဒေး​ဗစ်ထူး​ရဲ့​ မိခင် ကြာအင်း​ဆိပ်ရွာ​နေ ​နော်ထူး​ဖော်က ဒီကိစ္စကို မြန်မာအစိုး​ရက ​လေး​လေး​နက်နက်ထား​ပြီး​ အကူအညီ​ပေး​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

“တ​ယောက်​ပျောက်တယ်။ သူတို့​က ၁၄ ​ယောက်ပဲ ဆယ်လို့​ရတယ်။ ကျမတို့​က​တော့​ ၁၅ ​ယောက်​ပေါ့​နော်။ အခုအချိန်ထိ ကျမတို့​ စာတင်ထား​တာ ၅ လ​လောက် ရှိပြီ။ ဘာမှကို မထူး​ခြား​သေး​တာ။ ဦး​ဝဏ္ဏ​မောင်လွင်ဆီတင်တာ။ ကျမဆန္ဒက​တော့​လေ အခုသမ္မတကြီး​ရော၊​ ​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ ဦး​ဝဏ္ဏ​မောင်လွင်​ရော​ပေါ့​နော်။ ဆီး​ရီး​ယား​နိုင်ငံမှာ ​ရောက်​နေတဲ့​ ကျမသား​လေး​ ​ဒေး​ဗစ်ထူး​နဲ့​ တကွ အကုန်လုံး​ မြန်မာနိုင်ငံကို အမြန်ဆုံး​ ​ရောက်​စေချင်တာ​ပေါ့​။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular