DVB Logo
Home
မြန်မာသတင်း
မြန်မာစီပီ ကုမ္ပဏီထံက ကုန်​ရောင်း​ငွေပြန်ရရန် ​တောင်း​ဆို
DVB
·
May 4, 2012
Donate to DVB

မြန်မာ​မွေး​မြူ​ရေး​လုပ်ငန်း​မှာ ဦး​ဆောင်​နေတဲ့​ မြန်မာစီပီ ကုမ္ပဏီဟာ ​မွေး​မြူ​ရေး​အစာ ကုန်ကြမ်း​ဖိုး​ပေး​ချေရမှာကို ရက်ချိန်း​အတိုင်း​မ​ပေး​တဲ့​အတွက် စီပီကုမ္ပဏီကို ကုန်ကြမ်း​သွင်း​နေတဲ့​ ဘုရင့်​နောင်ကုန်သည် ၁၂ ဦး​ မ​နေ့​က စာ​ရေး​ပြီး​ ​တောင်း​ဆိုတယ်လို့​ သိရပါတယ်။

မြန်မာ့​မွေး​မြူး​ရေး​လုပ်ငန်း​မှာ ၁၀၀ ရာခိုင်နှုန်း​ ရင်း​နှီး​မြှုပ်နှံထား​တဲ့​ ထိုင်း​နိုင်ငံသား​ပိုင် မြန်မာစီပီ ကုမ္ပဏီရဲ့​ တိရစ္ဆာန်စာ ထုတ်လုပ်ရာမှာအသုံး​ပြုတဲ့​ ကုန်ကြမ်း​ပစ္စည်း​တွေကို ဝယ်ယူရာမှာ ​ငွေအ​ကျေ​ပေး​ဖို့​ ရက် ၈၀ ​လောက်အထိ မရ​သေး​တဲ့​အတွက် ​တောင်း​ဆိုရတာလို့​ စီပီကုမ္ပဏီထံက​နေ သိန်း​ ၆၀၀ ရဖို့​ရှိတဲ့​ ဘုရင်​နောင့်​ပွဲရုံက ကုန်သည်တဦး​က ​ပြောပါတယ်။

“ကုမ္ပဏီအ​နေနဲ့​ အခုဖြစ်သွား​တဲ့​ ပြဿနာက​တော့​ သူတို့​ ဘာ​ကြောင့်​ ဖြစ်လဲ​တော့​ မသိဘူး​။ ကျ​နော်တို့​ကို ပုံမှန်အတိုင်း​ မရှင်း​ပေး​နိုင်လို့​ အကုန်လုံး​ ဒုက္ခ​ရောက်လို့​ ကျ​နော်တို့​ အငယ်​တွေ စုပြီး​တော့​ လက်မှတ်ထိုး​ပြီး​တော့​ အ​ကြောင်း​ကြား​ရတာ​ပေါ့​။ အကုန်လုံး​ ဝိုင်း​လက်မှတ်ထိုး​ပြီး​တော့​လေ။ ရက် ၈၀ ပတ်ချာလည်​လောက် ကြာသွား​တဲ့​ ငါး​ခြောက်ဖိုး​ကိုပဲ ​တောင်း​ဆိုတာ။”

စီပီကုမ္ပဏီက ကုန်ဝယ်ပစ္စည်း​ကို ​ငွေအ​ကျေ​ချေမ​ပေး​တဲ့​အတွက် အခက်အခဲ ဖြစ်တယ်လို့​ အဲဒီကုန်သည်က ဆက်​ပြောပါတယ်။

“စီပီကို ပို့​တဲ့​ ကုန်သွင်း​တဲ့​လူ supplier ​ခေါ်တာ​ပေါ့​။ ကျ​နော်တို့​က အ​သေး​တွေ​ပေါ့​နော်။ တနိုင်တပိုင် ပို့​ရတာ​ပေါ့​။ နယ်​တွေက ပစ္စည်း​တင်​ပေး​တယ်၊​ တင်​ပေး​တာကို ကျ​နော်တို့​က ကြား​ထဲက နာမည်ခံပြီး​ ​ရောင်း​တယ်၊​ ပြီး​ရင် နယ်ကိုပြန်လွှဲရတယ်​ပေါ့​နော်။ အဲဒီကျ​တော့​ ကျ​နော်တို့​ ဒီဘက်က ပိုက်ဆံ အချိန်မီ မရတဲ့​အခါကျ​တော့​ နယ်သမား​တွေနဲ့​ အပြင်း​အထန် ဖြစ်တာရှိတယ်။ တချို့​တအား​ အ​ပြောများ​တဲ့​လူ​တွေကျ​တော့​ အား​နာပြီး​ ​ငွေစိုက်ပြီး​တော့​ ရှင်း​ပေး​ရတာ​တွေ ရှိတယ်။ ​ငွေစိုက်ပြီး​ ရှင်း​ပေး​ရတဲ့​အခါကျ​တော့​ ​ငွေ​ချေး​ရတာ​ပေါ့​ဗျာ။”

မြန်မာကုန်သည် ၁၂ ဦး​အတွက် သိန်း​ ၁ ​သောင်း​ ၂ ​ထောင်ကို စီပီကုမ္ပဏီက​နေ ​ပေး​ဖို့​ရှိ​နေတာပါ။ မြန်မာစီပီကုမ္ပဏီကို ဆက်သွယ်​မေး​မြန်း​တဲ့​အခါ စီပီကုမ္ပဏီ အကြံ​ပေး​ပုဂ္ဂိုလ် ဦး​တင်​အောင်က ​ငွေ​ကြေး​လည်ပတ်မှု အခက်အခဲ​တွေရှိတဲ့​အတွက် ကုန်သည်​တွေကို ​ငွေ​ချေဖို့​ ​နောက်ကျရတာပါလို့​ ရှင်း​ပြပါတယ်။

“မြန်မာပြည်ရဲ့​ ကုန်ကြမ်း​သဘာဝက ​ပေါ်တဲ့​အချိန်မှာပဲ စုရပါတယ်။ ​ပြောင်း​ပဲဖြစ်ဖြစ်၊​ ဆန်ကွဲပဲဖြစ်ဖြစ် အစုံ​ပေါ့​လေ ကုန်ကြမ်း​တွေက တနှစ်စာကို။ အဲဒီ​တော့​ ဒီအချိန်က ကုန်ကြမ်း​ပေါ်တဲ့​အချိန်ကျ​တော့​ ကျ​နော်တို့​က ကုန်ကြမ်း​အား​လုံး​ တနှစ်စာကို စုရပါတယ်။ ကျ​နော်တို့​မှာ ​ငွေ​ကြေး​ အခက်အခဲ​လေး​တွေ နည်း​နည်း​ရှိပါတယ်။ ​ငွေ​ကြေး​လည်ပတ်မှု​ပေါ့​။ ​ငွေ​ကြေး​လည်ပတ်မှု အခက်အခဲရှိတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​က ကုန်သည်​တွေကို အပြတ်​ပြောပါတယ်။ တလကြာမှ ​ပေး​နိုင်မှာ၊​ တလခွဲကြာမှ ​ပေး​နိုင်မှာ။ ဒါ​ပေမယ့်​ တခါတ​လေ တလပြည့်​တဲ့​အခါကျ​တော့​ ကျ​နော်တို့​က ​ပေး​တော့​ပေး​တယ် အကုန်​ပေး​နိုင်ဘူး​။ ၁၀၀ မှာ ကျ​နော်တို့​က ၆၀ ​ပေး​မယ်၊​ ၇၀ ​ပေး​မယ်၊​ ကျန်တာ ၃၀ ကျန်မယ် အဲဒါမျိုး​တွေ ဖြစ်ပါတယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​မှာ ဒီအခက်အခဲ​လေး​တွေ ရှိပါတယ်။”

စီပီကုမ္ပဏီဟာ ထိုင်း​နိုင်ငံမှာ အ​ခြေစိုက်ပြီး​တော့​ ​မွေး​မြူ​ရေး​တိရစ္ဆာန်နဲ့​ တိရစ္ဆာန်စာ​တွေ ထုတ်လုပ်တဲ့​ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013