DVB Logo
Home
မြန်မာသတင်း
စစ်တပ်မှထွက်ခွင့်​ရ​ရေး​ ကူညီရန် အိုင်အယ်လ်အိုထံ ပန်ကြား
DVB
·
May 4, 2012
စစ်တပ်မှထွက်ခွင့်​ရ​ရေး​ ကူညီရန် အိုင်အယ်လ်အိုထံ ပန်ကြား
Donate to DVB

မန္တ​လေး​တိုင်း​ ချမ်း​မြသာစည်မြို့​က က​လေး​စစ်သား​တဦး​က စစ်တပ်အတွင်း​ ပြန်မဝင်ရ​ရေး​ ကူညီ​ပေး​ဖို့​ ရန်ကုန်မြို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​ကို ကိုယ်တိုင်သွား​ရောက် တိုင်တန်း​လိုက်ပါတယ်။

ချမ်း​မြသာစည်မြို့​နယ်မှာ မိဘ​တွေနဲ့​နေထိုင်တဲ့​ ​မောင်ရဲမင်း​ဦး​ဟာ ၂၀၀၈ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ မိဘ​တွေနဲ့​အတူ ​နေထိုင်ရင်း​ အခုလုပ်တဲ့​ အလုပ်ထက် လစာ နှစ်ဆရမယ်ဆိုပြီး​ လူရွယ်တဦး​က ​ခေါ်​ဆောင်သွား​တယ်လို့​ ဆိုပါတယ်။

ထို့​နောက် ကျိုက်ထိုမြို့​မှာ ပန်း​ရံအလုပ်လုပ်ရာက ​နောက်ပိုင်း​မှ သူ့​ကို​ခေါ်သူဟာ သင်တန်း​တက်ဖို့​ပြောမှ စစ်သား​ဆိုတာ သိရပြီး​ သိမ်း​သွင်း​ခြိမ်း​ခြောက်မှု​တွေ​ကြောင့်​ စိတ်မပါဘဲ ခမရ (၅၇၀) မိုင်း​ဖြတ်မှာ သုံး​နှစ်​ကျော် တာဝန်ထမ်း​ခဲ့​ရတယ်လို့​ ​မောင်ရဲမင်း​ဦး​က ​ပြောပါတယ်။

“ကျ​နော် စစ်ထဲ​ရောက်တဲ့​အထိ ကျ​နော့်​ကို ဘာအဆက်အသွယ်လည်း​ လုပ်မ​ပေး​ဘူး​။ ကျ​နော့်​ မိဘနဲ့​လည်း​ အ​တွေ့​မခံဘူး​ သူက။ အဲဒါ အ​တွေ့​မခံ​တော့​ ကျ​နော် ဒီလိုပဲ သူ​ပြောသမျှကို​တော့​ ​ခေါင်း​ငုံ့​ခံပြီး​ ကျ​နော့်​စိတ်လည်း​ မပါဘဲနဲ့​ ဝင်လိုက်ရတယ်။ အဲဒီတုန်း​က ကျ​နော် ၁၆ နှစ်ပဲ ရှိ​သေး​တယ်။ စစ်ထဲမှာ ၄ နှစ်​လောက် ကြာတယ်။”

တပ်တွင်း​ ဝင်စက ၁၆ နှစ် ဖြစ်​ပေမယ့်​ အခု ၁၉ နှစ် ​ကျော် ဖြစ်ပါတယ်။ ​မောင်ရဲမင်း​ဦး​ မိခင် ​ဒေါ်နီနီစန်း​က သား​ဖြစ်သူကို ​ပျောက်သွား​ကတည်း​က မ​တွေ့​ရ​တော့​ဘဲ သား​ထံက ​ချောစာ​ရောက်လာမှ စစ်ထဲ​ရောက်တာ သိခဲ့​ရတယ်လို့​ ​ပြောပါတယ်။

ဒီ​နေ့​ သူဟာ အိုင်အယ်လ်အိုရုံး​ကို ကိုယ်တိုင်လိုက်ပါပြီး​ သား​ဖြစ်သူကို တပ်​ပြေး​အဖြစ် ပြန်လည် အဖမ်း​မခံရဖို့​နဲ့​ တရား​ဝင်ထွက်ခွင့်​ရဖို့​ အကူအညီ ​တောင်း​ခဲ့​တယ်လို့​ မိခင် ​ဒေါ်နီနီစန်း​က ​ပြောပါတယ်။

“စိတ်​သောက များ​ခဲ့​ရတာ​ပေါ့​နော်။ ​သေလား​ရှင်လား​ ကိုယ့်​သား​သမီး​ကို၊​ ပူပင်​သောကလည်း​ ​ရောက်တယ်။ ပြန်လည်း​ခေါ်ချင်တယ်၊​ အဆက်အသွယ်ကလည်း​ မရခဲ့​တော့​ ဒီလိုပဲ ကြည့်​ခဲ့​ရတာ​ပေါ့​။ ​နောက်မှ ​ချောစာ​ရောက်မှပဲ ဒီလိုပဲ အိုင်အယ်လ်အိုအဖွဲ့​ကို အကူအညီ​တောင်း​ပြီး​ လုပ်ခဲ့​ရတာပါ။ ဒီက​လေး​အတွက်​ပေါ့​နော် ဖမ်း​ဖို့​ဆီး​ဖို့​ မလုပ်ရ​အောင်လို့​ပေါ့​။ လက်မှတ်က​လေး​ လာ​တောင်း​တာပါ။ မဖမ်း​မဆီး​အောင်လို့​၊​ စစ်တပ်ကလည်း​ နှုတ်ထွက်ခွင့်​ ရ​အောင်လို့​။”

မြန်မာပြည်မှာ အသက် ၁၈ နှစ်ပြည့်​ပြီး​ ကိုယ့်​ဆန္ဒအရသာလျှင် စစ်တပ်တွင်း​ ဝင်​ရောက်ခွင့်​ရှိပြီး​ အသက်မပြည့်​သူ​တွေနဲ့​ ဆန္ဒမရှိသူ​တွေကို တပ်တွင်း​ တာဝန်ထမ်း​ခိုင်း​ခွင့်​ မရှိပါဘူး​။ ဒီအချက်ကို မလိုက်နာဘဲ ချိုး​ဖောက်တဲ့​ တပ်မ​တော်သား​တွေကိုလည်း​ အရပ်သား​မိဘ​တွေက တရား​ရုံး​မှာ တရား​စွဲခွင့်​ မရှိပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013