DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီကား​ဝင်း​ မ​ပြောင်း​ရွှေ့​ရေး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ် ကန့်​ကွက်
DVB
·
May 4, 2012
ဟံသာဝတီကား​ဝင်း​ မ​ပြောင်း​ရွှေ့​ရေး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ် ကန့်​ကွက်
Donate to DVB

ရန်ကုန်တိုင်း​ ကမာရွတ်မြို့​နယ်၊​ ဟံသာဝတီ ကား​ပွဲစား​ဝင်း​ကို သက်ဆိုင်ရာက ဖယ်ရှား​ခိုင်း​နေတဲ့​အတွက် ပွဲစား​ဝင်း​မိသား​စုက သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ပြီး​ ကန့်​ကွက်လိုက်ကြပါတယ်။

ဘယ်လိုအ​ကြောင်း​ပြချက်မှလည်း​ မ​ပေး​၊​ ​ပြောင်း​ရွှေ့​ဖို့​ ​နေရာလည်း​ မ​ပေး​ဘဲ မြို့​တော်စည်ပင် အခွန်ဌာနက ဖယ်ရှား​ခိုင်း​နေတဲ့​အတွက် ကား​ဝင်း​ထဲမှာ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ သူ​တွေအား​လုံး​ အစစအရာရာ ဆုံး​ရှုံး​နစ်နာရမယ့်​ အ​ခြေအ​နေ ​ရောက်​နေကြပါတယ်။

ဒီအ​ကြောင်း​ ​မေလ ၄ ရက် မနက်ပိုင်း​က ပြည်တွင်း​ပြည်ပ သတင်း​ဌာန​တွေကို ဟံသာဝတီကား​ဝင်း​ထဲ ဖိတ်ကြား​ပြီး​ အသိ​ပေး​ခဲ့​ကြတာပါ။

ကား​ဝင်း​မိသား​စု​တွေရဲ့​ ဆန္ဒသ​ဘောထား​တွေကို ဟံသာဝတီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ မ​ရွှေ့​ပြောင်း​ရေး​ ဦး​စီး​ကော်မတီဥက္ကဋ္ဌ ဦး​မင်း​ကိုမြင့်​က အခုလို ​ပြောပါတယ်။

“ဒီဝင်း​ကြီး​ကို ​ပြောင်း​ရွှေ့​ဖို့​ကို ကျ​နော်တို့​ ဝင်း​ထဲမှာ ရှိတဲ့​ လုပ်သား​ပြည်သူများ​က လုံး​ဝ သ​ဘောမတူပါဘူး​။ ဒီအချက်ကို။ ဒါ​ကြောင့်​ ဒီအစီအစဉ်ကို အစိုး​ရအ​နေနဲ့​ သက်ဆိုင်ရာဌာနအ​နေနဲ့​ ရပ်ဆိုင်း​ပြီး​တော့​ ကျ​နော်တို့​ မူလပကတိ ဒီဝင်း​ကြီး​အ​ပေါ်မှာ အဆင့်​မြင့်​ ကား​ဝယ်​ရောင်း​စခန်း​ကြီး​ တခု တိုး​ချဲ့​ပြီး​တော့​ ​ဆောင်ရွက်​ပေး​ဖို့​ ကျ​နော်တို့​ လုပ်သား​ပြည်သူ​တွေ အ​နေနဲ့​ ဆန္ဒ​တွေ ရှိပါတယ်။”

ကား​ဝင်း​ထဲမှာ အဆင့်​မြင့်​ဆိုင်ခန်း​ ၂၀ ​ကျော်အပါအဝင် ဆိုင်ခန်း​ပေါင်း​ ၂၀၀ ​ကျော်တည်ရှိပြီး​ ​ဈေး​သည်​တွေ၊​ ကား​ဝယ်​ရောင်း​လုပ်သူ​တွေ၊​ ကား​ရေ​ဆေး​ ဆီထိုး​လုပ်တဲ့​ အလုပ်သမား​တွေ အပါအဝင် မိသား​စုဝင်​ပေါင်း​ တ​သောင်း​နှစ်​ထောင်​ကျော် အသက်​မွေး​ဝမ်း​ကျောင်း​ ပြု​နေကြတာ ဖြစ်ပါတယ်။

ဟံသာဝတီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ မိသား​စုဝင်​တွေရဲ့​ အကူအညီ ​တောင်း​ခံမှု​ကြောင့်​ သွား​ရောက် ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​အဖွဲ့​က ကိုသက်​ဇော်က အခုဖြစ်ရပ်မှာ ​ကြောင်း​ကျိုး​မဆီ​လျော်တာ​တွေ ရှိ​နေတယ်လို့​ ​ပြောပါတယ်။

“အစိုး​ရမှာ ဒီလို သူတို့​ စီမံခန့်​ခွဲမှုအာဏာအရ နိုင်ငံ​တော်ပိုင်​မြေကိုပဲ ဖြစ်ဖြစ်၊​ စည်ပင်သာယာပိုင်​မြေကိုပဲ ဖြစ်ဖြစ် စည်ပင်သာယာအ​နေနဲ့​ စီမံခန့်​ခွဲခွင့်​အာဏာ ရှိ​ပေမယ့်​လည်း​ ဒီအ​ပေါ်မှာ မှီတင်း​နေထိုင်​နေကြတဲ့​ တရား​ဝင် အခွန်အခ​တွေ ​ပေး​ဆောင်ပြီး​တော့​ ​ဈေး​ရောင်း​နေကြတဲ့​ ​ဈေး​သူ​ဈေး​သား​တွေကို သူတို့​ရဲ့​ နစ်နာချက်​တွေကို ထည့်​သွင်း​စဉ်း​စား​ဖို့​လိုတယ်။ သူတို့​ရဲ့​ လိုအပ်ချက်​တွေကိုလည်း​ ထည့်​သွင်း​စဉ်း​စား​ဖို့​လိုတာ​ပေါ့​။ ဘာ​ကြောင့်​ ဒီ​ဈေး​ဝင်း​ကို ​လေလံပစ်ရပါတယ်၊​ ဒီလို ​လေလံပစ်ခြင်း​အား​ဖြင့်​ နိုင်ငံ​တော်အကျိုး​အတွက် ဘယ်လို​တွေရမယ် စသည်ဖြင့်​ ​ပြေလည်တဲ့​ ထင်သာမြင်သာရှိတဲ့​ ရှင်း​လင်း​ဖော်ပြတာမျိုး​ လုံး​ဝမရှိခဲ့​ဘူး​ပေါ့​နော်။ ဒါလည်း​ ​တော်​တော် တာဝန်ပျက်ကွက်မှုပါပဲ။”

သူတို့​အဖွဲ့​အ​နေနဲ့​ အခုလို ကိစ္စရပ်မျိုး​တွေမှာ အစိုး​ရအ​နေနဲ့​ ထင်သာမြင်သာရှိ​အောင် ​ဆောင်ရွက်ဖို့​ တင်ပြသွား​မယ်လို့​လည်း​ ​ပြောပါတယ်။

သက်ဆိုင်ရာက ဟံသာဝတီကား​ဝင်း​ထဲက​နေ ​ပြောင်း​ရွှေ့​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​ဧပြီလဆန်း​ပိုင်း​က အ​ကြောင်း​ကြား​ခဲ့​ပြီး​ အခု ​မေလ ၅ ရက်​နေ့​မှာ ​နောက်ဆုံး​ထား​ ​ရွှေ့​ပြောင်း​ဖို့​ ​ပြောကြား​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဟံသာဝတီကား​ဝင်း​မိသား​စုအ​နေနဲ့​ ​ပြောင်း​ရွှေ့​ပေး​ဖို့​ ဆန္ဒမရှိ၊​ ကန့်​ကွက်​ကြောင်း​ မိသား​စုဝင် ၇၀၀ ​ကျော် လက်မှတ်​ရေး​ထိုး​ထား​တဲ့​ စာကို နိုင်ငံ​တော် သမ္မတနဲ့​ သက်ဆိုင်ရာ တာဝန်ရှိသူအသီး​သီး​ထံ ​ပေး​ပို့​ထား​တယ်လို့​လည်း​ သိရပါတယ်။

ဟံသာဝတီကား​ဝင်း​ဟာ ဧက ၂၀ ​လောက် ကျယ်ဝန်း​ပြီး​ ၁၉၉၇ ခုနှစ်ကတည်း​က ယာဉ်​ရောင်း​ဝယ်​ရေး​ စခန်း​အဖြစ် ဖွင့်​လှစ်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013