A d v e r t i s e m e n t With Us

ပြင်ဦး​လွင်တွင် လယ်သိမ်း​သည့်​စစ်တပ်ကို တရား​စွဲရန်ပြင်

မန္တ​လေး​တိုင်း​ ပြင်ဦး​လွင်မြို့​ မန်း​ကျည်း​ပင်​ကျေး​ရွာမှာ လွန်ခဲ့​တဲ့​နှစ်ပိုင်း​တုန်း​က ​မြေသိမ်း​ခဲ့​တဲ့​ ဦး​အိုက်ထွန်း​ပိုင် ဟိုက်တက်ကုမ္ပဏီ နယ်​မြေအ​ခြေပြု ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​တပ်တို့​ကို လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက နစ်နာ​ကြေး​ပေး​ဖို့​ တရား​စွဲဆို​တော့​မှာ ဖြစ်ပါတယ်။ ဒီအမှုနှစ်ခုကို လိုက်ပါ​ဆောင်ရွက်​နေတဲ့​ လယ်သမား​ရှေ့​နေ တရား​လွှတ်​တော်​ရှေ့​နေ ဦး​မြင့်​သွင်က ဟိုက်တက် ကုမ္ပဏီကို ရက်ပိုင်း​အတွင်း​ တရား​စွဲမှာဖြစ်ပြီး​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​တပ် တပ်ရင်း​မှူး​ထံကို​တော့​ နှစ်လအတွင်း​ ​လျော်​ကြေး​ပေး​ဖို့​ သတိ​ပေး​ နို့​တစ်စာ​ပေး​ပို့​မယ်လို့​ ​ပြောပါတယ်။ “ဦး​အိုက်ထွန်း​ကုမ္ပဏီက အိုလံပစ်ကုမ္ပဏီက​နေ ဟိုက်တတ်ကုမ္ပဏီလို့​ ​ပြောင်း​သွား​ပြီး​တော့​ ​ကျောက်တူး​တာဗျ။ ​ကျောက်စက်​တွေ လုပ်ပြီး​တော့​ ​တောင်သူ ၃ ဦး​ရဲ့​ လယ်​မြေဧက ၃၉ ဧက ​လောက် ပါသွား​တာ။ အခု အဲဒီ့​အတွက် နစ်နာ​ကြေး​တွေ ​တောင်း​ဖို့​ လုပ်​နေတာ။ “​နောက်တခုက​တော့​ ​လေ​ကြောင်း​ရန် ကာကွယ်​ရေး​တပ်က သိမ်း​တာ။ သိမ်း​ပြီး​ သူက ခြံမခတ်ဘူး​။ ​တောင်သူ​တွေကို အငှား​ပြန်ချပြီး​တော့​ စား​နေတာ။ ​တောင်သူ​တွေက ကိုယ့်​လယ်ကို ပြန်ပြီး​ အငှား​ပြန်ယူရတဲ့​ ပုံစံ ဖြစ်​နေတယ်။ အဲဒါ​တွေကိုလည်း​ အခု နို့​တစ်စာ​တွေ ပို့​ပြီး​ နစ်နာ​ကြေး​တွေရဖို့​ လုပ်​နေတာ။” ​လေ​ကြောင်း​ရန် ကာကွယ်​ရေး​တပ်က နှစ်လ အတွင်း​ နစ်နာ​ကြေး​ မ​ပေး​ရင်​တော့​ တရား​စွဲဆိုမယ်လို့​လည်း​ ဆိုပါတယ်။ “တရား​မ နစ်နာမှု စွဲဖို့​အတွက် တရား​မကျင့်​ထုံး​ဥပ​ဒေ ၈၀ အရ အစိုး​ရဝန်ထမ်း​တွေနဲ့​ ပတ်သက်​နေတာ၊​ နိုင်ငံ​တော်နဲ့​ ပတ်သက်တာဆို​တော့​ ကျ​နော်တို့​က နို့​တစ်စာ ၂ လ ​ပေး​ထား​တယ်။ သူတို့​ကျ​တော့​ နို့​တစ်စာ ၂ လ ​ပေး​ပြီး​မှ စွဲလို့​ ရမှာ။ ဦး​အိုက်ထွန်း​တို့​ကျ​တော့​ ပုဂ္ဂလိက ကုမ္ပဏီမို့​လို့​ တိုက်ရိုက်တန်း​စွဲမှာ။” ဟိုက်တက်ကုမ္ပဏီက လယ်သမား​ ၃ ဦး​ထံက သိမ်း​ဆည်း​တဲ့​မြေ​တွေအတွက် နစ်နာ​ကြေး​ ကျပ် သိန်း​ ၄၄၀ ရလိုမှုနဲ့​ ဟိုက်တက်ကုမ္ပဏီ မန်​နေဂျာကို တိုက်ရိုက် တရား​စွဲမှာ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​တပ်ကို လယ်သမား​ ၃ ဦး​ထံက သိမ်း​တဲ့​မြေ​တွေအတွက် ၆၂၄ သိန်း​ကို ၂ လအတွင်း​ နစ်နာ​ကြေး​ပေး​ဖို့​ အသိ​ပေး​ အ​ကြောင်း​ကြား​စာ ပို့​မယ်လို့​ ​ပြောပါတယ်။ ဟိုက်တက်ကုမ္ပဏီကို တရား​စွဲဆိုမယ့်​တောင်သူ ၃ ဦး​က ဦး​ခင်​ဌေး​၊​ ​ဒေါ်တင်ရီ၊​ ဦး​ကုလား​တို့​ဖြစ်ပြီး​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​တပ်ကို နို့​တစ်စာ ပို့​မယ့်​ ​တောင်သူ​တွေက​တော့​ ဦး​အုန်း​ကျော်၊​ ဦး​ညိုတုတ်နဲ့​ ဦး​တင်​အောင်တို့​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up