Home
မြန်မာသတင်း
ဆိုင်း​ဘုတ်ဖြုတ်ချမှု ငြိမ်း​ချမ်း​ရေး​ကို ထိခိုက်နိုင်ဟု ​ကေအန်ယူ​ပြော
နော်နိုရင်း
·
May 4, 2012
အစိုး​ရနဲ့​အပစ်အခတ်ရပ်ထား​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)ရဲ့​ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နယ်က ဆက်ဆံ​ရေး​ရုံး​ ဆိုင်း​ဘုတ်ကို မြို့​နယ် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ဖြုတ်ချပြီး​ ပါတီဆိုင်း​ဘုတ်နဲ့​ အစား​ထိုး​ခဲ့​တယ်လို့​ ​ကေအန်ယူက ​ပြောပါတယ်။ [caption id="attachment_24944" align="alignleft" width="362" caption="ဧပြီ ၆ ရက်နေ့က ပြည်ထောင်စုအဆင့်​ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်"][/caption] “အစကတည်း​က ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ရုံး​ပဲ။ ခဏပိတ်ထား​ပြီး​ ဆက်ဆံ​ရေး​ရုံး​ ဖွင့်​တယ်။ ကျမတို့​ကလည်း​ ဖွင့်​ပြီး​တော့​ အလုပ် လုပ်ဖို့​ ​သေ​သေချာချာ စနစ်တကျ အစီအစဉ် ဆွဲထား​တာ မရှိ​သေး​တော့​ ​နောက်မှ အလုပ်လုပ်မယ်​ပေါ့​။ အခုက ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ရုံး​က လူ​တွေက သူ့​ရုံး​သူပြန်တက်တာ​ပေါ့​။” အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်တဲ့​ ​ကေအန်ယူအဖွဲ့​ဟာ မတ် ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ မြန်မာနိုင်ငံသွား​ရောက်ပြီး​ ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​ရာမှာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ မြိတ်မြို့​တို့​မှာ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ်ခဲ့​တာပါ။ ​ကျောက်ကြီး​မြို့​နယ် ​ကေအန်ယူဆက်ဆံ​ရေး​ရုံး​ ဖွင့်​လှစ်ဖို့​အတွက် အစိုး​ရဘက်က စီစဉ်ပြီး​ ဆိုင်း​ဘုတ်တင်​ပေး​ခဲ့​တာ ဖြစ်ပြီး​ ​ကေအန်ယူအဖွဲ့​ ပြန်သွား​ပြီး​တဲ့​နောက် ဆိုင်း​ဘုတ် ဖြုတ်ချခံခဲ့​ရတာဖြစ်ပါတယ်။ ဒီရုံး​ဟာ မူလကတည်း​က ပြည်ခိုင်ဖြိုး​ပါတီ ရုံး​ဖြစ်လို့​ ဆိုင်း​ဘုတ် ပြန်တင်တဲ့​အ​ပေါ် ​ကေအန်ယူက အပြစ်မ​ပြော​ပေမယ့်​ အစိုး​ရ တာဝန်ရှိသူ​တွေက တိတိကျကျ အစီအစဉ်မရှိ အလုပ်လုပ်တဲ့​ လုပ်​ဆောင်ချက်ဟာ ငြိမ်း​ချမ်း​ရေး​အတွက် ထိခိုက်​စေနိုင်တယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​က ​ပြောဆိုလိုက်ပါတယ်။ အစိုး​ရရဲ့​ ​ပေါ့​ဆစွာလုပ်​ဆောင်မှု​ကြောင့်​ လက်ရှိလုပ်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ကို ထိခိုက်​စေနိုင်တဲ့​အတွက် ဒီကိစ္စ နှစ်ဖက် ထပ်မံ​ဆွေး​နွေး​ဖို့​ရှိတယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီအဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ​နော်​မေဦး​က ​ပြောပါတယ်။ “ရုံး​ဖွင့်​မယ်ဆိုတာ သ​ဘောတူခဲ့​တယ်။ ဘယ်မှာဖွင့်​မယ်ဆိုတာ အစိုး​ရက စီစဉ်ထား​တယ် ​ပြောလို့​ သွား​ဖွင့်​တာပဲရှိတယ်။ အလုပ်လုပ်ဖို့​အတွက် ရုံး​ဖွင့်​ဖို့​ လိုတယ်ဆိုတာ ​ကေအန်ယူ သ​ဘောထား​ရှိတယ်။ ဘယ်​နေရာမှာ ဖွင့်​မလဲဆိုတာက ဒါက အစိုး​ရက သူ့​နယ်​မြေထဲ သွား​ဖွင့်​တာ ဖြစ်တဲ့​အတွက် သူ့​တာဝန်ဖြစ်တယ်​လေ။ သွား​ဖွင့်​တဲ့​အခါ ဒီလို မလိမ့်​တပတ်လုပ်တာ၊​ ဒါမှမဟုတ်လည်း​ အစီအစဉ်မရှိဘဲ ​ပေါ့​ပေါ့​ဆဆလုပ်တာဟာ ငြိမ်း​ချမ်း​ရေး​ကို အန္တရာယ်ဖြစ်​စေတာ။ ဒါကလည်း​ သင်ခန်း​စာ​ပေါ့​လေ။” မြိတ်မြို့​မှာဖွင့်​တဲ့​ ဆက်ဆံ​ရေး​ရုံး​ကို​တော့​ လက်ရှိ ​ကေအန်ယူ ကိုယ်စား​လှယ်​တွေ သွား​ရောက် ရုံး​ထိုင်ပြီလို့​ ​ကေအန်ယူ မြိတ်၊​ ထား​ဝယ်ခရိုင် တာဝန်ရှိသူက ​ပြောပါတယ်။ ​ကေအန်ယူအ​နေနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှုနဲ့​ပတ်သက်ပြီး​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ နိုင်ငံခြား​သား​သတင်း​ထောက်များ​ အသင်း​ (FCCT) ရဲ့​ ဖိတ်ကြား​ချက်အရ ​မေ ၃ ရက်​နေ့​က သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ခဲ့​ပါတယ်။ ဒီရှင်း​လင်း​ပွဲမှာ လက်ရှိဖြစ်​ပေါ်​နေတဲ့​ အ​ကြောင်း​အရာနဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူရဲ့​ သုံး​သပ်ချက်၊​ သ​ဘောထား​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ​နော်​မေဦး​က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024