Home
မြန်မာသတင်း
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 21, 2018
26993455_535977600110201_6246183571630344273_n
26991831_535977793443515_1850020987442350403_n
26804556_535977743443520_7633536895464823223_n
26734514_535977646776863_5349203882864273972_n
  နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးမှာ ပထမအကြိမ်အဖြစ် မဟာပရိတ်တော်နဲ့ မဟာပဋ္ဌာန်း ဒေသနာတော် ရွက်ဖက်ပူဇော်ပွဲနဲ့ မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ဇန်န၀ါရီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မဟာပရိတ်တော်နဲ့ မဟာပဋ္ဌာန်းဒေသနာတော် ရွက်ဖက်ပူဖော်မှုတွေ ဇန်န၀ရီလ ၁၇ ရက်နေ့ကတည်းက ပြုလုပ်ခဲ့ပြီး ဒီကနေ့မှာတော့ သံဃာ အပါး ၁ သောင်းကို ဆွမ်းဆန်စိမ်းတွေ လောင်းလှူခဲ့ကြတာဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နေပြည်တော် ကောင်စီ ၈ မြို့နယ်က သံဃာတော်တွေနဲ့ ရမည်းသင်းမြို့၊ တောင်ငူမြို့တွေက သံဃာတော်တွေ ကြွရောက်ခဲ့ကြပါတယ်။ သံဃာအပါး တစ်သောင်း ငါးထောင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း သံဃာအပါး ၂ သောင်းကို ဆွမ်းဆန် စိမ်း လောင်းလှူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024