ဟောင်ကောင်တွင် ပြည်မမှလာသည့် မိခင်များကို ကလေးမွေးဖွားခွင့် တားမြစ်
DVB
·
May 4, 2012

၂၀၁၀ ခုနှစ်က ဟောင်ကောင်မှာ ကလေး ၈၈ ယောက် မွေးခဲ့ပါတယ်။ အဲဒီထဲက တ၀က်နီးပါးဟာ တရုတ်ပြည်မကြီးက မိခင်တွေ လာရောက် မွေးဖွားခဲ့ကြတာပါ။ ပြည်မကြီးရဲ့ မူဝါဒတွေကနေ ရှောင်ပြီး ဟောင်ကောင်ကျွန်းမှာ လာမွေးကြတဲ့ မိခင်တွေကို ဒေသခံတွေက ကလေးမွေးဖို့ နိုင်ငံခြားခရီးထွက်လာတဲ့ `birth tourism´ လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဟောင်ကောင် ဒေသခံတွေက လူဦးရေ အရေအတွက် တိုးပွားလာပြီး၊ သူတို့ ရပိုင်ခွင့်တွေကို ထိခိုက်မှာစိုးတဲ့အတွက် ကလေး လာမွေးသူတွေကို ဒေါသထွက်နေကြပါတယ်။
ဒေသခံတွေရဲ့ ဖိအားပေးမှုကြောင့် ဟောင်ကောင် အာဏာပိုင်တွေက ပြင်ပက လာရောက် ကလေးဖွားမြင်မယ့်သူတွေ အပေါ် ကန့်သတ်မှုတွေ လုပ်လာ ပါတယ်။ နောက်နှစ်ဆိုရင် ဟောင်ကောင် အစိုးရက တရုတ်ပြည်မက မိခင်တွေ ကလေးလာမွေးတာကို တားမြစ်ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ အခု ပြည်မက လာရောက်နေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ အကြောင်း သတင်းထောက် ‘Banyal Kong Janoi´က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။