Home
မြန်မာသတင်း
၆ လအတွင်း ပို့ကုန်တန်ဖိုးထက် ဒေါ်လာသန်း ၂၀၀၀ ကျော်ဖိုး ပိုသွင်းခဲ့
DVB
·
January 20, 2018
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ၆ လအတွင်းမှာ ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး ပိုသွင်းခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ပို့ကုန်၊ သွင်းကုန် အခြေအနေအစီရင်ခံစာအရ အောက်တိုဘာလအတွက် စုစုပေါင်း ပို့ကုန် တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၂၈ ဒသမ ၁၈ သန်း ဖြစ်ပြီး စုစုပေါင်း သွင်းကုန် တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၄ဝ၈ ဒသမ ၄၅ သန်း ဖြစ်တာကြောင့် ပို့တဲ့ ပမာဏတန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ပိုပြီး သွင်းခဲ့တာပါ။ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလက အောက်တိုဘာလအတွင်း စုစုပေါင်း ပို့ကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၁၅၉ ဒသမ ဝ၄ သန်း ဖြစ်ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ဝ၅ဝ၃ ဒသမ ၃၄ သန်းဖြစ်လို့ ကုန်သွယ်မှုလိုငွေ (ပိုတဲ့ပမာဏတန်ဖိုးထက် ပိုသွင်းလာတဲ့တန်ဖိုး) အမေရိကန်ဒေါ်လာ ၂၃၄၄ ဒသမ ၃ဝ သန်း ရှိနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024