သမ္မတကြီးသိစေရန် တိုင်ကြားခြင်း
Published By
DVB | 4 May, 2012
3K
0
Share
0
Comment
0
Likes
ကျနော် ကျမတို့ဟာ မကွေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေ ဖြစ်ပါတယ်။ ကျောင်းကား ကိစ္စတွေ ပတ်သက်ပြီး အခက်အခဲ တွေ့နေရတာတွေကို သမ္မတကြီးကတဆင့် သက်ဆိုင်ရာတွေသိရှိစေဖို့ တင်ပြလိုပါတယ်။

ကျောင်းကားခတွေကို လကုန်ရက်မှစတင်ပြီး ၁၅ ရက်နေ့နောက်ဆုံး ပေးသွင်းရမယ်လို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ရက်မတိုင်မီ ကောက်ခံပြီး မပေးသွင်းပါက စာမေးပွဲ ဖြေဆိုခွင့်ကတ် ထုတ်မပေးဘဲ ကတ်မပါပါက စာမေးပွဲဖြေဆိုခွင့် မပေးဘူးလို့ ငွေစာရင်းဌာနရဲ့ ခြိမ်းခြောက် အော်ငေါက်မှုတွေကို ခံရပြီး ကျောင်းသူကျောင်းသားတွေကြားမှာ အနှောင့်အယှက် ရမိစေပါတယ်။
အခြားအငှားကားတွေနဲ့ ကျောင်းတက်သူတွေကလည်း အငှားကားနဲ့ တက်ကြောင်း စာရင်းတင်ပြပေမယ့် စာရင်းမပါဟုဆိုပြီး ကားခ ထပ်သွင်းခိုင်းပါတယ်။ မပေးရင် စာမေးပွဲ ဖြေဆိုခွင့် မပြုဘူးလို့ ပြောဆိုပါတယ်။ ကျောင်းသားရေးရာလို့ ဆိုပေမယ့် ကျောင်းသားတွေအတွက် မစဉ်းစားပေးဘဲ အဲဒီဌာန ဝန်ထမ်းတွေရဲ့ ငွေကြေးအလွဲသုံးစား လုပ်မှုတွေသာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ကျောင်းကားခတွေကို အခုလို တိုးကောက်နေပေမယ့်လည်း ကျောင်းကားအရေအတွက် နည်းနေလို့ ကျောင်းမမီတဲ့ ကျောင်းသားကျောင်းသူတွေ၊ ကားမဆံ့လို့ ကျန်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ၊ ပြည့်နက်နေတဲ့ ကျောင်းကားပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ကျောင်းသားကျောင်းသူတွေလည်း ရှိခဲ့ပါတယ်။
အခုကိစ္စတွေကို စစ်ဆေးမှုတွေပြုလုပ်ပေးဖို့ သက်ဆိုင်ရာလူကြီးမင်းများကို အသိပေး တိုင်ကြားအပ်ပါတယ်။
မကွေး(နည်းပညာတက္ကသိုလ်)ကျောင်းသား/သူများ
သမ္မတကြီးသိစေရန် တိုင်ကြာျးခင်း
က်နော် က်မတို့ဟာ မကြေးနည်းပညာတက္ကသိုလ္မွ ကော်င်းသားကော်င်းသူတျြေဖစ္ပါတယ်။ ကော်င်းကား ကိစ္စတြေ ပတ်သက်ပြီး အခက်အခဲ တြေ့နေရတာတေကြို သမ္မတကြီးကတဆင့် သက္ဆိုင်ရာတေသြိရွိစေဖို့ တင်ျပလိုပါတယ်။
ကော်င်းကားခတေကြို လကုန်ရက္မွစတင်ပြီး ၁၅ ရက်နေ့နောက္ဆုံး ပေးသငြ်းရမယ္လို့ သတ္မွတ္ထားပေမယ့် သတ္မွတ်ရက္မတိုင္မီ ကောက္ခံပြီး မပေးသငြ်းပါက စာမေးပြဲျေဖဆိုခငြ့်ကတ် ထုတ္မပေးဘဲ ကတ္မပါပါက စာမေးပြျဲေဖဆိုခငြ့် မပေးဘူးလို့ ငေစြာရင်းဌာနရဲ့ ခြိမ်ျးေခာက် အော်ငေါက္မှုတေကြို ခံရပြီး ကော်င်းသူကော်င်းသားတေကြားမွာ အနွောင့်အယွက် ရမိစေပါတယ်။
အျခားအငွားကားတေနြဲ့ ကော်င်းတက်သူတေကြလည်း အငွားကားနဲ့ တက်ကြောင်း စာရင်းတင်ျပပေမယ့် စာရင်းမပါဟုဆိုပြီး ကားခ ထပ်သငြ်းခိုင်းပါတယ်။ မပေးရင် စာမေးပြဲျေဖဆိုခငြ့် မျပုဘူးလို့ျေပာဆိုပါတယ်။ ကော်င်းသားရေးရာလို့ ဆိုပေမယ့် ကော်င်းသားတေအြတကြ် မစဉ်းစားပေးဘဲ အဲဒီဌာန ၀န္ထမ်းတေရြဲ့ ငေကြေးအလြဲသုံးစား လုပ္မှုတေသျြာဖစ်ကြောင်း တင်ျပအပ္ပါတယ်။
ကော်င်းကားခတေကြို အခုလို တိုးကောက်နေပေမယ့်လည်း ကော်င်းကားအရေအတကြ် နည်းနေလို့ ကော်င်းမမီတဲ့ ကော်င်းသားကော်င်းသူတြေ၊ ကားမဆံ့လို့ က်န္ခဲ့တဲ့ ကော်င်းသားကော်င်းသူတြေ၊ျပည့်နက်နေတဲ့ ကော်င်းကားပေါ်ကျပုတ္က်ပြီး ထိခိုက္ဒဏ်ရာရရွိတဲ့ ကော်င်းသားကော်င်းသူတေလြည်း ရွိခဲ့ပါတယ်။
အခုကိစ္စတေကြို စစ်ဆေးမှုတျြေပုလုပ်ပေးဖို့ သက္ဆိုင်ရာလူကြီးမင်းမ်ားကို အသိပေး တိုင်ကြားအပ္ပါတယ်။
မကြေး(နည်းပညာတက္ကသိုလ်)ကော်င်းသား/သူမ်ား