A d v e r t i s e m e n t With Us

မက်ခ်လဲလန်ကို နာမည်ကြီး စနူကာကစားသမား အိုစူလီဗန် ရှုံးနိမ့်

နာမည်ကြီး စနူကာကစားသမား အိုစူလီဗန်ဟာ လန်ဒန် အလက်ဇန်းဒရားပဲလ့်စ်မှာ ကျင်းပတဲ့ မာစတာ ၂၀၁၈ ကွာတားဖိုင်နယ်မှာ ရှံးနိမ့်ပြီး ထွက်ခဲ့ရပေမယ့် ကျေနပ်မှုရှိကြောင်း ပြောကြားလိုက်ပါတယ်။ အိုစူလီဗန်ဟာ ပြိုင်ဘက် မက်ခ်အဲလန်ကို ၆ ပွဲ ၁ ပွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ နေမကောင်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အိုစူလီဗန်ဟာ ယှဉ်ပြိုင်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး မက်ခ်အဲလန်ရဲ့ အမှားကို စောင့်မျှော်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရမ်းကို လေးလံနေခဲ့ပြီးတော့ မျက်လုံးထဲမှာ ၂ ထပ်မြင်နေခဲ့ကြောင်း အင်တာဗျူးမှာ ပြောပါတယ်။ သူ့အနေနဲ့ ဘောလုံးသမားဖြစ်ခဲ့ရင် ပြိုင်ပွဲကို ရှောင်လွှဲလို့ရပေမယ့် တဦးတယောက်ချင်းပြိုင်ရတာဖြစ်လို့ ရှောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အိုစူလီဗန်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့နံပါတ် ၈ စနူကာကစားသမား မက်ခ်အဲလန်ကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ၃ ကြိမ်မြောက်ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ထိရရှိထားတဲ့ အိုစူလီဗန်ကတော့ ကမ္ဘာ့နံပါတ် ၂ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up