DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားများ ရှမ်းခေါင်းဆောင်များနှင့် ဆွေးနွေး
DVB
·
May 3, 2012
၈၈ မျိုးဆက်ကျောင်းသားများ ရှမ်းခေါင်းဆောင်များနှင့် ဆွေးနွေး
Donate to DVB

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

[caption id="attachment_24913" align="alignleft" width="310" caption=" ကိုပြုံးချို"][/caption]

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီထူထောင်မှုနဲ့ မြေယာကိစ္စတွေ ဆွေးနွေးကြတယ်လို့ အစည်းအဝေး တက်ရောက်သူတွေက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေ၊ ခွန်ဆာရဲ့ မောင်တိုင်းအာမီ အမ်တီအေ ခွဲထွက်အဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်တို့လည်း တက်ရောက်ပါတယ်။

ရလလဖဥက္ကဋ္ဌ ဦးခွန်စိန်ရွှေက ၈၈ မျိုးဆက်ကျောင်းသားတွေကို အလိမ်မခံရအောင် သတိပေးခဲ့တယ်လို့ ပြောပါတယ်။

“ပထမဆုံး အဘတို့ကိုပဲ ပြောခိုင်းတဲ့အခါကျတော့ အကြံပြုတာလေးလောက်ပဲ ရှိပါတယ်။ အကြံပြုတယ်ဆိုတာကတော့ အညာမခံရဖို့ပဲ အဘက အကြံပြုတာပါ။ သူတို့လုပ်နေတာကိုတော့ အဘ အားလည်းရတယ်။ ရှေ့လျှောက်ပြီးတော့ အဲဒီလိုလုပ်ဖို့ အဘတို့ အားပေးပါတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် နည်းနည်းသတိထားဖို့ အလိမ်ခံရမှာစိုးလို့။ ရှင်းရှင်းပြောရရင် အရင်စစ်အစိုးရလက်ထပ်တုန်းက အဘတို့ အလိမ်ခံခဲ့ရတော့လေ၊ ၂ ခါလောက် အလိမ်ခံရတဲ့အခါကျတော့ အဲဒီလို ဖြစ်မှာစိုးလို့၊ သူတို့ကိုလည်းပဲ အကောင်းလေး တခုလောက် လုပ်ပြပြီးတော့မှ ဆက် လိမ်သွားမှာ စိုးရိမ်လို့ အဲဒါပြောတာပါ။”

၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုက ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆို ဆွေးနွေးချက်တွေဟာ ငြိမ်းချမ်းရေးကိစ္စကို ပြောဖြစ်ပြီး ငြိမ်းချမ်းရေး မရှိရင် တိုင်းပြည်တည်ဆောက်ရေး ကိစ္စတွေ၊ နယ်မြေဖွံ့ဖြိုးရေး ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ရှေ့ဆက်ဖို့ အခက်ခဲတွေနဲ့ ကြုံနိုင်တယ်ဆိုတဲ့ ကောက်ချက် ဆွဲနိုင်ခဲ့တယ်လို့ ဖြေဆိုပါတယ်။

“အပစ်ခတ်ရပ်စဲရုံနဲ့တင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်ဘူးလို့ သူတို့က ယူဆကြတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ သွားဖို့ဆိုလို့ရှိရင်လည်း တန်းတူညီမျှခြင်း၊ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းဆိုတဲ့ အချက်အလက်တွေ အပေါ်မှာ အခြေခံပြီးတော့ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးပြီးတော့မှ အနာဂတ်တိုင်းပြည်ကို ကျနော်တို့ တကယ့်သစ္စာရှိရှိ၊ စိတ်စေတနာကောင်းကောင်းနဲ့ တည်ဆောက်စေချင်ကြတဲ့ ဆန္ဒတွေ ပေါ်ထွက်တာကို တွေ့ရတယ်ဗျ။”

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီမိုကရေစီရေး အတွက် နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ဖူးပြီး အရင်အစိုးရလက်ထက်တုန်းက ခွင့်မပြုခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013