A d v e r t i s e m e n t With Us

ပင်လယ်ထဲ မျောနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ ကျော်ကို လစ်ဗျားကယ်တင်

လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ဟာ စက်ပျက်နေတဲ့ လှေနဲ့အတူ ပင်လယ်ထဲမျောနေတဲ့ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၂၄၀ နီးပါးကို ဇန်န၀ါရီ ၁၇ ရက်နေ့က ကယ်တင်ခဲ့ပါတယ်။ ဒါဟာ လစ်ဗျား ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သုံးရက်ဆက်တိုက် ကယ်ဆယ်မှုဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁ ထောင်နီးပါးကို ကယ်ဆယ်ခဲ့ပြီးဖြစ်ပါတယ်။ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း လစ်ဗျားကမ်းလွန်ရှိ လူပြည့်သိပ်နေတဲ့ လှေတွေ ပေါ်ကနေ ရွှေ့ပြောင်းနေထိုင်သူ ၁၄၀၀ နီးပါးကို ဒီရက်ပိုင်းအတွင်း ကယ်တင်ခဲ့ရပါတယ်။ ဒါ့အပြင် ရုပ်အလောင်း ၂ လောင်းကိုလည်း ဆယ်ယူခဲ့ပါတယ်။ အခုကယ်ဆယ်ရေး လုပ်နေတဲ့အဖွဲ့မှာ အီတလီကမ်းခြေစောင့်တပ်ဖွဲ့၊ ခိုးဝင်မှု နှိမ်နင်းရေး ဥရောပသမဂ္ဂရဲတပ်ဖွဲ့နဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ရဲ့ သင်္ဘောတွေ ပါဝင်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up