မြန်မာယူ-၂၂ အသင်း ကိုရီးယားခြေစမ်းခရီးစဉ်တွင် ပွဲစဉ်အားလုံးရှုံးနိမ့်
[caption id="attachment_24878" align="alignleft" width="355" caption="ခြေစမ်းပွဲအပြီး မြန်မာယူ၂၂ အသင်း (အင်္ကျီအပြာ) တွေ့ရစဉ်"]

[/caption]
ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ယူ-၂၂ ဘောလုံးအသင်းဟာ မေ ၂ ရက်နေ့အထိ ခြေစမ်းပွဲ ၄ ပွဲယှဉ်ပြိုင်ခဲ့ရာမှာ ၄ ပွဲလုံး ရှုံးနိမ့်ထားပါတယ်။
ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ ယူ-၂၂ အသင်းဟာ AFC ယူ-၂၂ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံကို ၃ ပတ်ကြာ ခြေစမ်းပွဲခရီး သွားရောက်ခဲ့တာပါ။
မြန်မာ ယူ-၂၂ အသင်းအနေနဲ့ ဧပြီ ၂ ရက်က ပထမခြေစမ်းပွဲအဖြစ် မောက်ပိုစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၊ ဧပြီ ၂၄ ရက်မှာ ဟာနန်တက္ကသိုလ်အသင်းကို ၂-၁ ဂိုး၊ ဧပြီ ၂၈ ရက်မှာ ဂွမ်ဂျူးအသင်းကို ၃-၀ ဂိုး၊ မေလ ၂ ရက်မှာ ဂွမ်ဂျူအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
မြန်မာ ယူ-၂၂ အသင်းဟာ နောက်ဆုံးခြေစမ်းပွဲအဖြစ် လာမယ့်မေလ ၅ ရက်နေ့မှာ မောက်ပိုစီးတီးအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မြန်မာ ယူ-၂၂ အသင်း ပါဝင် ယှဉ်ပြိုင်မယ့် ၂၀၁၄ အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို လာမယ့်ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ ဒီခြေစစ်ပွဲမှာ မြန်မာအသင်းဟာ တောင်ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
MFF Digicel Women Cup ၂၀၁၂ ပြိုင်ပွဲ မေလ ၇ ရက်နေ့ စတင်မည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး MFF Digicel Women Cup ၂၀၁၂ ပြိုင်ပွဲကို မေ ၇ ရက်မှစတင်ပြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ကျင်းပပြုလုပ်မှာပါ။
ဒီနှစ် ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်နဲ့ နောက်ဆုံးအဆင့် ခွဲခြားသတ်မှတ်ထားပြီး ၂၀၁၂ ပြိုင်ပွဲမှ စတင်ကာ ပထဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသင်းတွေ ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအဆင့်မှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ စံမြန်မာအသင်းတွေ အုပ်စုပတ်လည် စနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်အများဆုံး ၂ သင်းမှာ နောက်ဆုံးအဆင့်အနေနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၃ အခြေခံ (က) နဲ့ အမှတ် ၃ အခြေခံ (ခ) အသင်းတို့နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်
မျိုးဆက်သစ် ဖူဆယ်ဘောလုံးသမားကောင်းတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၉ ရက်နေ့ စတင်ကျင်းပသွားမှာပါ။
ပြိုင်ပွဲဝင် အသင်းတသင်းကို အုပ်ချုပ်မှုအဖွဲ့ ၄ ဦး၊ အားကစားသမား ၁၂ ဦး မှတ်ပုံတင်နိုင်ပြီး ဝင်ကြေး ၄၀,၀၀၀ ကျပ်အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရုံးကို မှတ်ပုံတင်ကြေးအဖြစ် ပေးသွင်းရမှာပါ။ နယ်က အသင်းတွေ ပါဝင်ယှဉ်ပြိုင်ရင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နေရာထိုင်ခင်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။