DVB Logo
Home
မြန်မာသတင်း
မြန်မာဂျာနယ်လစ် ကွန်ရက် ပထမအကြိမ် ညီလာခံကျင်းပ
DVB
·
May 2, 2012
မြန်မာဂျာနယ်လစ် ကွန်ရက် ပထမအကြိမ် ညီလာခံကျင်းပ
1 / 2
Donate to DVB

[caption id="attachment_24843" align="alignleft" width="386" caption="ဓာတ်ပုံ-ကိုပိုင်"][/caption]

ဒီကနေ့မှာ မြန်မာဂျာနယ်လစ်ကွန်ရက်က သတင်းသမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် အချက်ပါဝင်တဲ့ ဖွဲ့စည်းပုံမူကြမ်းတချို့ကို အတည်ပြုခဲ့ပါတယ်။

ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် မြန်မာဂျာနယ်လစ်ကွန်ရက် ညီလာခံမှာ အခုလို အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ကွန်ရက်ရဲ့ လုပ်ငန်းကော်မတီဝင် ကိုထက်နိုင်ဇော်က ပြောပါတယ်။

ဒီကနေ့ အတည်ပြုခဲ့တဲ့ ဖွဲစည်းပုံတွေထဲမှာ သတင်းသမားတွေရဲ့ အခြေခံ ရပိုင်ခွင့် အခွင့်အရေး ရရှိရေး၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် အတွက် ပြည်တွင်း ပြည်ပသင်တန်းများ စေလွှတ်ရန်၊ သတင်းသမားတွေရဲ့ သာရေးနာရေးကို လုပ်ဆောင်ဖို့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ညီလာခံမှာ ၀ါရင့် သတင်းစာဆရာ မောင်ဝံသက အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းကလည်း မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်နဲ့ မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ကိုထက်နိုင်ဇော်က ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှာ ရန်ကုန်အခြေစိုက် ဂျာနယ်လစ် ၂၀၀ နီးပါး ပါဝင်နေပြီး ၈ လပြည့်တဲ့ ဒီကနေ့ ကျင်းပတဲ့ ညီလာခံမှာတော့ သတင်းသမား ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကို အစိုးရထံမှာ တရားဝင်မှတ်ပုံတင်မှာ ဖြစ်ပြီး ဒီညီလာခံမှာ လုပ်ငန်းကော်မတီဝင် ၁၇ ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒီကော်မတီဝင်တွေကို ၆ လ တကြိမ် လဲလှယ်သွားမယ်လို့လည်း တက်ရောက်သူ တဦးက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်တရားဝင် ရပ်တည်နိုင်ဖို့နဲ့ အဖွဲ့ရဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ အခုလို ညီလာခံ ကျင်းပတာလို့ ကိုထက်နိုင်ဇော်က ပြောပါတယ်။

“နောက်တခုက သတင်းသမားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ကူညီဆောင်ရွက်ပေးဖို့ အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာ ဖြစ်လာဖို့ ကျင်းပရတာ ဖြစ်ပါတယ်။”

မြန်မာဂျာနယ်လစ်ကွန်ရက်ဟာ ကုမ္ပဏီတခုနဲ့ သတင်းသမားတွေအကြား ဖြစ်ပွားခဲ့တဲ့ကိစ္စတခုမှာ သတင်းသမားတွေဘက်က ရပ်တည်ခဲ့သလို သတင်းသမားတွေကို မခြိမ်းခြောက်ဖို့တွေကိုလည်း တောင်းဆိုတာတွေ ဆောင်ရွက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013