DVB Logo
Home
မြန်မာသတင်း
ထိုင်း​-မြန်မာ နယ်စပ်က ဒုက္ခသည်က​လေး​များ​ အာဟာရချို့​တဲ့​နေ
DVB
·
May 2, 2012
Donate to DVB

နိုင်ငံတကာက အလှူရှင်​တွေ မြန်မာပြည်တွင်း​ကို ပိုပြီး​ အာရုံစိုက်လာတဲ့​အချိန်မှာ ထိုင်း​မြန်မာနယ်စပ်က က​လေး​ငယ်​တွေ အာဟာရ မပြည့်​ဝတာ ဖြစ်​နေပါတယ်။

နယ်စပ်က အနည်း​ဆုံး​ က​လေး​ငယ် ၂၀၀၀ ဟာ ကြီး​ထွား​မှု ရပ်တန့်​သွား​တာ​တွေ ဖြစ်​နေပြီး​၊​ ၁၀၀၀ ​လောက်က​တော့​ အာဟာရ မပြည့်​ဝတာ ဆိုး​ဆိုး​ရွား​ရွား​ ဖြစ်​နေတယ်လို့​ Thai Children’s Trust အဖွဲ့​က ညွှန်ကြား​ရေး​မှူး​ Andrew Scadding က ဒီဗွီဘီကို ​ပြောပါတယ်။

ယူ​ကေအ​ခြေစိုက် အန်ဂျီအိုအဖွဲ့​ဟာ နယ်စပ်က ​ကျောင်း​တွေကို ၂၀၁၀ ကတည်း​က အစား​အစာ​တွေ ​ထောက်ပံ့​ပေး​နေရာက​နေ အခု​တော့​ ရန်ပုံ​ငွေ ပြတ်​တောက်​နေပါတယ်။ တကမ္ဘာလုံး​က အလှူရှင်​တွေဟာ သူတို့​ ဘတ်ဂျက်​တွေကို ပြည်တွင်း​ကို ပိုပြီး​ အာရုံစိုက်လာတာ​ကြောင့်​ နယ်စပ်မှာ အလုပ်လုပ်ခဲ့​တဲ့​ အဖွဲ့​အစည်း​တွေ နည်း​ပါး​လာ​နေပြီး​၊​ တချို့​က လုပ်ငန်း​တွေ လုံး​ဝ ရပ်ဆိုင်း​လိုက်တာ၊​ မြန်မာပြည်တွင်း​ကို ​ပြောင်း​ရွှေ့​သွား​တာ​တွေ ​တွေ့​လာရတယ်လို့​ Thai Children’s Trust အဖွဲ့​က ညွှန်ကြား​ရေး​မှူး​ Andrew Scadding က ​ပြောပါတယ်။

ထိုင်း​-မြန်မာနယ်စပ်က မဲ​ဆောက်မြို့​မှာ မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေနဲ့​ ဒုက္ခသည်​တွေကို ​ဆေး​ဝါး​ကုသ ​စောင့်​ရှောက် ​ပေး​နေတဲ့​ မယ်​တော်​ဆေး​ခန်း​ရဲ့​ တာဝန်ခံ ​ဒေါက်တာစင်သီယာ​မောင်ကလည်း​ ခုချိန်ထိ ​ဆေး​ခန်း​အတွက် ဘတ်ဂျက် တဝက်​လောက် လိုအပ်​နေတယ်လို့​ ဒီဗွီဘီကို ​ပြောပါတယ်။

“မတ်လအထိကို​တော့​ ကျမတို့​က ၅၀ ရာခိုင်နှုန်း​တော့​ အကာအကွယ် ဖြစ်တယ်​ပေါ့​နော်။ ဇွန်လကျရင်​တော့​ တခါ ကျမတို့​ revision လုပ်တဲ့​အချိန်​တော့​ တမျိုး​ဖြစ်မယ်။ ဒါ​ပေမယ့်​ ကျမတို့​က မတ်လမှာ ​တွေ့​ရှိရတဲ့​ အ​ခြေအ​နေ​ပေါ်မှာ မူတည်ပြီး​တော့​ ကျမတို့​ တချို့​သော program ​တွေကို ​ရွှေ့​ဆိုင်း​တာလုပ်တာလား​၊​ ဒါမှမဟုတ် တချို့​ပရိုဂရမ်​တွေက​တော့​ နှုန်း​တွေကို ​လျော့​ချတာလား​။ အဲဒါ​တော့​ ကျမတို့​ budget revision ​တော့​ ပြန်လုပ်ထား​ရတာ​ပေါ့​။”

ဒါ​ကြောင့်​ ကျန်း​မာ​ရေး​ဝန်​ဆောင်မှုနဲ့​ဆိုင်တဲ့​ အစီအစဉ်တချို့​ကို ​ရွှေ့​ဆိုင်း​ထား​တာမျိုး​၊​ တချို့​ကို ဖျက်သိမ်း​ပစ်လိုက်တာမျိုး​၊​ လူနာ​တွေအတွက် ရိက္ခာခွဲတမ်း​တွေ ​လျှော့​ချတာမျိုး​ လုပ်ရနိုင်တယ်လို့​ ​ဒေါက်တာ စင်သီယာ​မောင်က ​ပြောပါတယ်။

ဆေး​ခန်း​ကို ​ဆေး​ကုဖို့​ ​ရောက်လာတဲ့​ က​လေး​တွေထဲ အာဟာရချို့​တဲ့​နေတဲ့​ က​လေး​ငယ် တပတ်မှာ ၂ ​ယောက်​လောက် ​တွေ့​နေရတယ်လို့​ မယ်​တော် ​ဆေး​ခန်း​ကလည်း​ အတည်ပြုပါတယ်။

မယ်​တော်​ဆေး​ခန်း​က အစား​အစာ ​ထောက်ပံ့​နေတဲ့​အထဲမှာ ဒုက္ခသည် က​လေး​ငယ် ၃၅၀၀ ရှိပြီး​၊​ သူတို့​ရဲ့​ ​နေ့​စဉ် ရိက္ခာခွဲတမ်း​အ​ပေါ်မှာ အရင်က ထိုင်း​ဘတ်​ငွေ ၂၅ ဘတ် အကုန်အကျ ခံ​နေရာက​နေ ၁၅ ဘတ်အထိ တဝက်နီး​ပါး​ ​လျှော့​ချဖို့​ ရှိ​နေပါတယ်။

ဘတ်ဂျက်​လျော့​နည်း​သွား​တဲ့​အ​ကြောင့်​ နယ်စပ်က ဒုက္ခသည်ကူညီ​ရေး​အဖွဲ့​ The Thai Burma Border Consortium (TBBC) အဖွဲ့​ကလည်း​ ဒုက္ခသည်​တွေ အတွက် ရိက္ခာခွဲတမ်း​တွေကို ပုံမှန်အာဟာရမျှ​အောင် ​ထောက်ပံ့​ဖို့​ လိုအပ်တဲ့​ အချိုး​က​နေ ၃ ပုံ ၂ ပုံအထိ ​လျှော့​ချထား​လိုက်ပါပြီ။

ကရင်ဒုက္ခသည်​ကော်မတီ၊​ ကဲ ဗီလာ (Care Villa)၊​ ZOA International တို့​လို အခြား​အဖွဲ့​အစည်း​ အ​တော်များ​များ​လည်း​ အကူအညီ​ပေး​တာ​တွေကို အရင် နှစ်ကတည်း​က ​လျှော့​ချထား​ရပါတယ်။

တီဘီဘီစီရဲ့​ ကိန်း​ဂဏန်း​အရ ထိုင်း​မြန်မာနယ်စပ်မှာ ဒုက္ခသည် တသိန်း​ခွဲရှိ​နေပြီး​၊​ အဲဒီထဲမှာ က​လေး​ငယ်​တွေ ၃ ​သောင်း​ ပါဝင်ပါတယ်။

ကမ္ဘာ့​ကျန်း​မာ​ရေး​အဖွဲ့​ရဲ့​ ကျန်း​မာ​ရေး​အဆင့်​ သတ်မှတ်ချက်မှာ မြန်မာပြည်ဟာ ကမ္ဘာ့​နိုင်ငံ​ပေါင်း​ ၁၉၁ နိုင်ငံ စာရင်း​မှာ နံပါတ် ၁၉၀ နဲ့​ ​အောက်ဆုံး​မှာ ​ဖော်ပြခံထား​ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013