Home
မြန်မာသတင်း
ဒုက္ခသည် ပြန်လက်ခံရေးစင်တာများကို တာဝန်ရှိသူများ သွားရောက်စစ်ဆေး
DVB
·
January 14, 2018
26814627_367830237022981_6704734487827116031_n
26815474_367830120356326_2719406912112687566_n
26239885_367830067022998_6649316350619640185_n
26231677_367830190356319_1008605767288213311_n
26731006_367830000356338_3848881571335126853_n
  မောင်တောက ဘင်္ဂါလီတွေ ပြန်လည်နေရာမယ့် နေရာတွေနဲ့ လက်ခံရေးစင်တာ ပြီးစီးမှုအခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ဒီနေ့ သွားရောက် ကြည့်ရှုစစ်ဆေးနေပါတယ်။ လူကယ်ပြန်ဝန်ကြီးနဲ့ ၀န်ကြီးချုပ်ဦးညီပုတို့ဟာ ဇန်နဝါရီလ ၁၄ ရက် မနက် ၁၀ နာရီခွဲလောက်က ရဟတ်ယာဉ်တွေနဲ့ မောင်တောမြို့ကို ရောက်ရှိလာပြီး ဝေသာလီ ရဟတ်ယာဉ်ကွင်းမှတဆင့် ကျီးကန်းပြင်​​တောင်​ရွာ ဘင်္ဂါလီကျေးရွာကို ​သွားရောက်​ခဲ့ကြပါတယ်။ ဘင်္ဂါလီကျေးရွာမီး​လောင်​​သွားတဲ့ ​နေရာတွေကို ကြည့်ရှုပြီး ဘဂါင်္လီကျေးရွာသားတွေနဲ့ ဘဂါင်္လီလူကြီးတွေကို တွေ့ဆုံခဲ့ကြပါတယ်။ ပတ်ဝန်းကျင်ရှိ သင့်တော်တဲ့နေရာတွေမှာ ပြန်လည်နေရာချထားပေးမယ့် ကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဝန်ကြီးနဲ့ အဖွဲ့ဟာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှ ပြန်လည်ဝင်ရောက် ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားမယ့် လှဖိုးခေါင်ကျေးရွာရှိ ယာယီတဲ ဆောက်လုပ်ပြီးစီးမှု အခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ရေကြောင်းမှ လက်ခံမယ့် ငါးခူရ ပြန်လည်လက်ခံရေး စင်တာတွေရဲ့ လက်ရှိပြီးစီးနေမှု အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - မင်းကျော်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024