DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ ရှမ်း​ပြည်နယ်မှာ လူထုနှင့်​ ​တွေ့​ဆုံ
DVB
·
May 2, 2012
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ ရှမ်း​ပြည်နယ်မှာ လူထုနှင့်​ ​တွေ့​ဆုံ
Donate to DVB

၈၈ မျိုး​ဆက်​ကျောင်း​သား​ ၃၀ ခန့်​ဟာ ရှမ်း​ပြည်နယ် ဟိုပုန်း​မြို့​ခံလူထုနဲ့​ ​တွေ့​ဆုံပြီး​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက်​ဆွေး​နွေး​ပွဲ ကျင်း​ပပါတယ်။

အ​ကြောက်တရား​ကို ​မောင်း​ထုတ်ပြီး​ အမှန်တရား​ကို ပွင့်​ပွင့်​လင်း​လင်း​ ထုတ်​ဖော်​ပြောဆိုကြဖို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်က ဟိုပုန်း​မြို့​ ​နောင်​တောင်း​ ပရဟိတဘုန်း​တော်ကြီး​ကျောင်း​မှာ ကျင်း​ပတဲ့​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက်​ဆွေး​နွေး​ပွဲမှာ တိုက်တွန်း​ခဲ့​ပါတယ်။

ဒီ​ဆွေး​နွေး​ပွဲကို လူ ၆၀၀ ​ကျော်တက်ပြီး​ အထူး​သဖြင့်​ ​ကျောင်း​သား​ လူငယ်​တွေက ပညာ​ရေး​နဲ့​ ပတ်သက်လို့​ သူတို့​သိချင်တာ​တွေ၊​ ၈၈ အ​ရေး​တော်ပုံ ဖြစ်​ပေါ်လာပုံနဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေ ဘာဆက်လုပ်ကြမယ် ဆိုတာ ​မေး​မြန်း​ခဲ့​ကြပါတယ်။

နယ်​မြေခံ ပအို့​ဝ်တိုင်း​ရင်း​သား​ ​တောင်သူ​တွေကကလည်း​ တပ်မ​တော် အစိုး​ရလက်ထက်က သိမ်း​ဆည်း​ခံရတဲ့​ သူတို့​ လယ်ယာ​မြေဧက ​ထောင်​ပေါင်း​များ​စွာကို ပြန်ရ​အောင် ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေကို လာ​ရောက် ​မေး​မြန်း​ခဲ့​ပါတယ်။

၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ မ​နေ့​ကလည်း​ ရပ်​စောက်မြို့​မှာ မြို့​ခံ လူ ၂ ​ထောင်ခန့်​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပြီး​ ​မေ ၃ ရက်​နေ့​ကျရင်​တော့​ ​တောင်ကြီး​မြို့​က ရှမ်း​စာ​ပေနဲ့​ ယဉ်​ကျေး​မှုအသင်း​ရဲ့​ မင်္ဂလာခန်း​မမှာ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ မိတ်ဆက် ​ဆွေး​နွေး​ပွဲလုပ်မှာ ဖြစ်ပါတယ်။

မေလ ၃ ရက် ​နေ့​ခင်း​ပိုင်း​မှာ​တော့​ အပစ်ရပ်တိုင်း​ရင်း​သား​အဖွဲ့​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ အစိုး​ရမဟုတ်တဲ့​ အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​မယ်လို့​ ကို​ဌေး​ကြွယ်က ​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​အတွက်​ပေါ့​လေ။ ငြိမ်း​ချမ်း​ရေး​ကို တိုင်း​ပြည်မှာ ကျ​နော်တို့​ ဘယ်​လောက်အထိ အ​ကောင်း​ဆုံး​နဲ့​ အမြန်ဆုံး​ ​ဖော်​ဆောင်နိုင်မလဲ​ပေါ့​။ အား​လုံး​ ညီညီညွတ်ညွတ်နဲ့​ ကျ​နော်တို့​ နိုင်ငံရဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကို ဦး​တည်တဲ့​၊​ ​ရေရှည်နဲ့​ ထာဝရသ​ဘောကို ​ဆောင်မယ့်​ ငြိမ်း​ချမ်း​ရေး​မျိုး​ဖြစ်​အောင် ကျ​နော်တို့​ ဘာလုပ်နိုင်မလဲဆိုတဲ့​ဟာကို ကျ​နော်တို့​ ​ဆွေး​နွေး​နိုင်ဖို့​ပါပဲ။ ပြီး​တော့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေရဲ့​ တကယ့်​ဆန္ဒနဲ့​ အသံ​တွေကိုလည်း​ ကျ​နော်တို့​ နား​ထောင်ချင်ပါ​သေး​တယ်။”

သူတို့​အဖွဲ့​ဟာ ​တောင်ကြီး​မြို့​က​နေ မိုင်း​သောက်၊​ ​ညောင်​ရွှေ၊​ ဟဲဟိုး​၊​ ​အောင်ပန်း​၊​ ရွာငံ၊​ ပင်း​တယမြို့​တွေမှာလည်း​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက် ​ဆွေး​နွေး​ပွဲ​တွေ ဆက်လုပ်သွား​ဖို့​ ပြင်ဆင်ထား​တယ်လို့​ ​ပြောပါတယ်။

၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ တိုင်း​ပြည်ကို တပါတီစနစ်က​နေ ဒီမိုက​ရေစီစနစ်ကို ကူး​ပြောင်း​ရေး​အတွက် ၁၉၈၈ ခုနှစ် ဒီမိုက​ရေစီအ​ရေး​တော်ပုံကြီး​ကို ဦး​ဆောင်ခဲ့​ကြသူ​တွေ ဖြစ်ပါတယ်။ သူတို့​တွေဟာ တပ်မ​တော် အစိုး​ရလက်ထက်မှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံခဲ့​ရပြီး​ လက်ရှိသမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ဒီနှစ်ဆန်း​မှာ ပြန်လည် လွတ်​မြောက်ခဲ့​ကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013