တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ရထား စတင်စမ်းသပ် (ရုပ်သံ)

1.5K
တရုတ်နိုင်ငံ အနောက်မြောက်ဘက် နင်ရှားဝိ့ ကိုယ်ပိုင်အုပ်ချုပ်ဒေသမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးသော မောင်းသူမဲ့ သံလမ်းတခုတည်းသုံး (Monorail) ရထားလိုင်းစနစ်ကို စတင်စမ်းသက်ပြေးဆွဲခဲ့ပါတယ်။
ဒီရထားလိုင်းစနစ်ကို ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟာ့ဝေးနဲ့ ယာဉ်ရထား ထုတ်လုပ်ရေး ကုမ္ပဏီ ဘီဝိုင်ဒီတို့က တိုးတက်ထုတ်လုပ်ခဲ့တာပါ။
ရထားလိုင်းစနစ်ကနေ ရထားအမြင့်ဆုံးအရှိန် ၁ နာရီ ၈၀ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲခုတ်မောင်းဖို့၊ လမ်းညွှန်ဖို့၊ တည်ငြိမ်ဖို့၊ ထောက်ပံ့ဖို့ ရထားသံလမ်း တခုတည်းကိုပဲ သုံးထားတာပါ။
ဒီရထားလိုင်းစနစ်မှာ မျက်နှာကို မှတ်သားထားတဲ့ ဉာဏ်ရည်အတု နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးထားပြီး ရထားလိုင်းစနစ်ကို ၂၀၁၈ ခုနှစ် နှစ်ဝက်လောက်မှာ စတင်ခုတ်မောင်းမယ်လို့ စီဂျီတီအန်သတင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။