A d v e r t i s e m e n t With Us

မောင်တောတွင် ကျပ်သိန်း ၁၇ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ

  ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျပ်သိန်း ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီလောက်က  မောင်တောမြို့ရဲ့ အနောက်ဘက် ၃၁ မိုင်ခန့်အကွာမှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒိုးတန်းကျေးရွာဘက်မှ ငါးခူရကျေးရွာဘက်ကို လမ်းလျှောက်လာတဲ့ မသင်္ကာဖွယ်လူနှစ်ဦးအား စစ်ဆေးဖို့ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ အထုပ်တစ်ထုပ်အား ပစ်ချပြီး ထွက် ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၇ဝ ကျော်ခန့်) အား သိမ်းဆည်းရမိခဲ့ပြီး ငါးခူရ နယ်မြေ ရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up