DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ်များ​ လွှတ်​တော်တက်​ရောက်ခြင်း​အ​ပေါ် အမြင်သ​ဘောထား​များ
DVB
·
May 2, 2012
အန်အယ်လ်ဒီအမတ်များ​ လွှတ်​တော်တက်​ရောက်ခြင်း​အ​ပေါ် အမြင်သ​ဘောထား​များ
Donate to DVB

ကျမ်း​ကျိန်စာသား​ပြောင်း​ပေး​ဖို့​ ကြိုး​ပမ်း​ရင်း​ လွှတ်​တော်တက်ဖို့​ ကြန့်​ကြာ​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) အမတ်​တွေဟာ ဒီက​နေ့​မှာ​တော့​ ​နေပြည်​တော်က ပြည်သူ့​လွှတ်​တော်ကို ပထမဆုံး​အကြိမ် တက်​ရောက် ကျမ်း​ကျိန်ဆိုကြပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အန်အယ်လ်ဒီပါတီက ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေဟာ ‘ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံ ဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမည် ဆိုတဲ့​စကား​လုံး​ကို လက်မခံနိုင်တာ​ကြောင့်​ ​လေး​စား​လိုက် နာပါမည်ဆိုတဲ့​ စာသား​ပြောင်း​ပေး​ဖို့​’ ကြိုး​ပမ်း​နေရတဲ့​အတွက် လွှတ်​တော်တက်ဖို့​ ​နှောင့်​နှေး​နေခဲ့​ကြတာပါ။

အန်အယ်လ်ဒီအမတ်​တွေ အခုလို ကျမ်း​ကျိန်ဆိုပြီး​ လွှတ်​တော် တက်​ရောက်လာတဲ့​ အ​ပေါ် အမြင်သ​ဘောထား​တွေကို ​မေး​မြန်း​ထား​ပါတယ်။

ဦးစိုင်းလိတ်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“နဂိုကတည်းက လွှတ်တော်ထဲ ဝင်ရောက်ပြီးတော့မှ နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့အတွက်ကို သူတို့ ကြိုးမမ်းတာပဲလေ၊ သူတို့ ကြိုးပမ်းချက် အောင်မြင်သွားတယ် ဆိုတာကလည်း ဝမ်းသာစရာပါပဲ။ ဒါပေမယ့် လွှတ်တော်ထဲမှာ အန်အယ်လ်ဒီ အပါအဝင် အခြားဒီမိုကရက်တစ်အင်အားစုတွေက တော်တော်လေး အင်အားနည်းသေးတဲ့အတွက်ကြောင့်မို့လို့ တော်တော်ကြီးကို ကိုယ်ဖိရင်ဖိ ကြိုးစားရုန်းကန်မှသာလျှင် ကျနော်တို့ ပြောင်းလဲလိုတဲ့ အခြေခံဥပဒေလည်း ပြောင်းလဲနိုင်မယ်၊ အခြား တိုင်းရင်းသားကိစ္စ အစရှိသဖြင့်ပေါ့လေ ဒီကိစ္စတွေကို လုပ်ဖို့ဆိုတာကတော့ ဒီမိုကရက်အင်အားစုက တော်တော်ကြီးကို ရုန်းကန်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်းပဲ တော်တော်ကြီးကို အားကြိုးမာန်တက် ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်လိမ့်မယ်လို့တော့ ကျနော် မြင်တယ်။ အပြင်မှာလည်းပဲ ကျနော်တို့လည်း တတပ်တအား ကြိုးစားပါမယ်လို့တော့ ပြောကြားလိုပါတယ်။”

သခင်ချန်ထွန်း(၀ါရင့်နိုင်ငံရေးသမားကြီး)

“လွှတ်တော်ထဲမှာ ပြောတာနဲ့ အပြင်ဘက်ပြောတာနဲ့ မတူဘူးလေ။ လွှတ်တော်ထဲက ပိုပြီးတော့ လေးနက်ပြီးတော့ သမိုင်းဝင်ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က သူတို့ပါတီအနေနဲ့ အခုက အများစု မရသေးပေမယ့် တိုင်းပြည်နဲ့ ပတ်သက်တဲ့ မသင့်တော်ဘူး ထင်တဲ့ လုပ်ငန်းရပ်တွေကို ဝေဖန်မယ်၊ ဥပဒေတွေကိုလည်း မသင့်တော်ဘူးလို့ ယူဆလို့ ရှိရင် ကန့်ကွက်မယ့် သဘောမျိုး ဒီလို ရှိတယ်လေ။ ဟိုတုန်းကတော့ သူတို့ တပါတီတည်းဆိုတော့ သူတို့ ပါတီဝင်တွေက အပေါ်က လူကြီးတွေ လုပ်ရင် ဒါ အားလုံးခေါင်းညိတ်လိုက်တာပဲပေါ့။ အဲဒီတော့ အန်အယ်လ်ဒီဝင်ခြင်းအားဖြင့် ဒီမိုကရေစီ ပိုပြီးတော့ အနှစ်သာရအားဖြင့် ပိုပြီးတော့ ပေါ်လွင်လာမယ်လို့ ယူဆပါတယ်။ တိုင်းပြည်အတွက်လည်း ပိုပြီးတော့ အကျိုးရှိတယ်လို့ ရှိမယ်လို့ ယုံကြည်တယ်။”

ဒေါက်တာအေးမောင်(ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ)

“အင်မတန် ဝမ်းသာပါတယ်။ ကျနော်တို့လည်း ပြောပါတယ် မေးရင် မြန်းရင်လည်း ဖြေပါတယ်။ ဘယ်လိုပြောရမလဲဆိုရင် ကျနော်တို့ အားပိုရှိလာသလို ခံစားရပါတယ်။ ကျနော်တို့မှာ ဝတ်ရုံကြီးတရုံများ ခြုံသလို နွေးထွေးသွားတယ်လို့ ခံစားရတယ်ပေါ့။”

ဦး​အောင်​သောင်း​ (ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီ)

“ဝမ်း​သာပါတယ်။ ကြိုဆိုပါတယ်။ ဒီအတိုင်း​ဖြစ်သင့်​ပါတယ်။ အလွန်​ကောင်း​ပါတယ်။ သင့်​မြတ်တဲ့​ကိစ္စပါ။ လွှတ်​တော်မှာ ပါဝင်လာတဲ့​အ​ပေါ်မှာ ကျ​နော်တို့​ အ​နေနဲ့​က တိုင်း​ပြည်အတွက် ပြည်သူအတွက် အကျိုး​ရှိမယ့်​ဟာ​တွေကို ပြင်မယ်ဆိုရင်​တော့​ ကျ​နော်တို့​က ဝိုင်း​ကူ​ပေး​မှာ​ပေါ့​။ ​ထောက်ကူ​ပေး​မှာ​ပေါ့​။”

ဒေါ်​ဆောင်ဆန်း​စုကြည် (အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်)

“ပြည်သူ​တွေအတွက်က​တော့​ ​ပြော​နေကျစကား​ပဲ​ပေါ့​။ ပြည်သူ​တွေ အကျိုး​အတွက် ပိုပြီး​ ထမ်း​ဆောင်နိုင်မယ်လို့​ ​မျှော်လင့်​တယ်ဆိုတာပဲ​ပေါ့​။”

ကျမ်း​သစ္စာ ကျိန်ဆိုတဲ့​အခါမှာ အန်တီတို့​ ​တောင်း​ဆိုတဲ့​အတိုင်း​ ဖြစ်မလာဘဲနဲ့​ ကျမ်း​သစ္စာ ကျိန်ဆိုလိုက်ရတဲ့​အ​ပေါ်မှာက.. “ဒါက​တော့​ ကျမတို့​ ဖြစ်​စေချင်တဲ့​ကိစ္စက အဓိက မဟုတ်ပါဘူး​။ ပြည်သူ​တွေအတွက် သင့်​တော်တဲ့​ ကိစ္စကို လုပ်ဖို့​က အဓိကပါ။”

ဦး​မင်း​သူ (အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်)

“အဓိကက​တော့​ ပြည်သူ​တွေရဲ့​ ဆန္ဒကို ဖြစ်​စေချင်တဲ့​အတွက် ကျ​နော်တို့​က ​ကျေနပ်ပါတယ်။ ပြည်သူ​တွေက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အခုလို လွှတ်​တော်တက်လာတာ ဝမ်း​သာတယ်။ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရမယ်ဆိုရင် အကျပ်အတည်း​ အခက်အခဲ ဖြစ်​နေ​ပေမယ့်​ ကျ​နော်တို့​ ​ခေါင်း​ဆောင်က အ​မျှော်အမြင် ရှိမှုနဲ့​ ပြည်သူ​တွေရဲ့​ လိုအင်ဆန္ဒကို စိတ်ချမ်း​သာ​အောင်၊​ တိုင်း​ရင်း​သား​ညီအကို ကိုယ်စား​လှယ်​တွေကို ကိုယ်စား​ပြုတဲ့​အ​နေနဲ့​ ပြည်​ထောင်စု အကျိုး​စီး​ပွား​၊​ ပြည်​ထောင်စုရဲ့​ ဂုဏ်သိက္ခာအတွက် အခုလို တက်​ရောက်ခြင်း​ ဖြစ်တဲ့​အတွက် ကျ​နော်အထူး​ ​ကျေနပ်ပါတယ်။”

ဒေါက်တာမြတ်ဥာဏစိုး​ (အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်)

“အင်မတန်မှ ဝမ်း​သာပါတယ်။ ဘာလို့​လဲဆို​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ တဦး​တည်း​သော လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ကျ​နော်က ရပ်တည်​နေရတာပါ။ အခုကျ​တော့​ ကျ​နော်တို့​ အဖွဲ့​ချုပ် ဥက္ကဋ္ဌ အန်တီစု အပါအဝင် ရဲ​ဘော်ရဲဘက်​တွေ အ​ယောက် ၄၀ ​ကျော် ​ရောက်လာပြီ။ ပြည်သူကို ချစ်တယ်ဆိုတာကို ပြတာပါ။ သား​တရား​စီရင်ခန်း​လို၊​ နှစ်ဖက်တင်း​အောင် ဆွဲ​တော့​ ဘယ်ဘက်က​လျော့​ပေး​လဲဆိုတာ။ ဒီလိုမျိုး​ဆိုတာ စွမ်း​ဆောင်နိုင်ဖို့​က ခဲယဉ်း​ပါတယ်။ အထူး​သဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဆုံး​ဖြတ်ချက်၊​ လိုက်နာ​ဆောင်ရွက်တဲ့​ ဗဟိုအလုပ်အမှု​ဆောင်​တွေ အကုန်လုံး​။ အား​လုံး​ဟာ ပြည်သူ​တွေအ​ပေါ်မှာ ဘယ်​လောက်သစ္စာရှိတယ်။ မဲဆန္ဒရှင်ပြည်သူ​တွေကို ဘယ်​လောက် အ​လေး​ထား​တယ်ဆိုတာကို ပြလိုက်တာပါ။”

ဦး​ပေါခင်(အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်)

“နှစ် ၂၀ လုံး​လုံး​ ပြည်သူအတွက် ဘာမှမလုပ်​ပေး​နိုင်ခဲ့​ဘူး​။ ဒီ​နေ့​ လွှတ်​တော်တက်လာတာ ပြည်သူ​တွေအတွက် အတတ်နိုင်ဆုံး​ ကြိုး​စား​ ​ဆောင်ရွက်သွား​မယ်။ ​ဆောင်ရွက်ခွင့်​ရသွား​မယ်လို့​ ခံစား​ရပါတယ်။”

ဦး​တို့​က​တော့​ ပြည်သူ​တွေအတွက် အကျိုး​ဖြစ်​စေမယ့်​ အကျိုး​ရှိမယ့်​ ဥပ​ဒေ​တွေကို အတတ်နိုင်ဆုံး​ ပြင်ဆင်ဖို့​ ဦး​တို့​အ​နေနဲ့​မျှော်လင့်​ထား​ပါတယ်။”

ဒေါ်ခင်စမ်း​လှိုင်(အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်)

“အန်တီတို့​က ၁၉၉၀ ထဲက လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် အ​ရွေး​ခံခဲ့​ရတာပါ။ အဲဒီထဲက လွှတ်​တော်တတ်ဖို့​ကို ရည်ရွယ်ခဲ့​ကြတယ်။ ဒါ​ပေမယ့်​ ​နောက်​တော့​လည်း​ လွှတ်​တော် မတက်ဖြစ်ကြဘူး​။ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရတယ်။ အခုလွှတ်​တော်ထဲကို ​ရောက်လာတယ်။ အဲဒီအတွက် လွှတ်​တော်ထဲက​နေ ပြည်သူ​တွေရဲ့​ အကျိုး​အတွက် ​ဆောင်ရွက်​ပေး​ဖို့​ ​မျှော်လင့်​တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013