ဒလ တံတားစီမံကိန်းနှင့် မလွတ်သည့် အဆောက်ဦများ စတင်ဖြိုဖျက်
အာကာ
·
January 14, 2018
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ အဆောက်အဦတွေကို ဇန်နဝါရီလကုန်နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး အဆောက်အဦ အများစု စတင်ဖြိုဖျက်ဖယ်ရှားနေပြီ ဖြစ်ပါတယ်။
ဖယ်ရှားပေးဖို့ နို့တစ်စာတွေကို မြို့နယ်ထွေအုပ်က ဇန်နဝါရီ ဒုတိယပတ်က မြေပိုင်ရှင်တွေကို လိုက်လံပေးပို့ ထားတာပါ။
စီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းပေါ်ကမြေနဲ့ အဆောက်အဦတွေကို ကရုဏာကြေး၊ လျော်ကြေးတွေ ပေးလျော်ပြီးဖြစ်ပါတယ်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းခြံစည်းရိုး ကာရံတဲ့ လုပ်ငန်းတွေကို ၂၀၁၈ ဖေဖော်ဝါရီလမှာ စတင်တော့မှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အာကာ