ဟာဝိုင်ယီကျွန်းတွင် ဒုံးကျည်ပစ်ခတ်မှု သတိပေးချက် မှားယွင်းနှိပ်မိ

1.2K
ဟာဝိုင်ယီကျွန်းမှာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုံးကျည်ပစ်ခတ်မှု သတိပေးချက် မှားယွင်းနှိပ်မိပြီး ထုတ်လွှင့်ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေက ပြန်လည်တောင်းပန်လိုက်ပါတယ်။
အဲဒီသတိပေးချက်ဟာ အမှန်တကယ် ဒုံးကျည်ပစ်ခတ်လို့ ထုတ်လွှင့်တာ မဟုတ်ဘဲ အရေးပေါ် စီမံခန့်ခွင်္ဲရေး အေဂျင်စီ ၀န်ထမ်းတဦးက ခလုတ်ကို မှားယွင်းနှိပ်မိခဲ့တာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်အိုက်က အခုလို မှားယွင်းပြီး သတိပေးချက် ထုတ်လွှင့်ခဲ့တာကြောင့် လူတွေ ထိခိုက်နာကျင်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ပါတယ်လို့ ပြောကြားခဲ့ပြီး နောင်ကို မဖြစ်စေဖို့အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဇန်န၀ါရီ ၁၃ ရက် မနက် ၈ နာရီကျော်က မိုဘိုင်းဖုန်းတွေ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ဒုံးကျည်ပစ်ခတ်မှု သတိပေးချက်ကို မှားယွင်းထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တင်းမာမှုတွေ ဖြစ်နေချိန်မှာ အခုလို ဒုံးကျည်ပစ်ခတ်မှု သတိပေးချက်ကို မှားယွင်း ထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။