သတင်းအေဂျင်စီလုပ်ငန်းလျှောက်ထားသူ ၉၃ ဦးကို ခွင့်ပြုပေးခဲ့ဟု ပြန်ကြားရေးပြော

1.4K
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်း သတင်းအေဂျင်စီလုပ်ငန်းလျှောက်ထားသူ ၉၃ ယောက်ကို ခွင့်ပြုပေးခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ကနေ ဒီဇင်ဘာ ၂၂ အထိ သတင်းအေဂျင်စီလုပ်ကိုင်လိုသူ တယောက်၊ ဂျာနယ် ထုတ်ဝေခွင့် လျှောက်ထားသူ တယောက်၊ မဂ္ဂဇင်းထုတ်ဝေခွင့်လျှောက်ထားသူ နှစ်ယောက်အပါအဝင် ထုတ်ဝေသူ ၁၁ ယောက်ကို ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်ကနေ လက်ရှိအချိန်ထိ ပုံနှိပ်လုပ်ငန်း ၁၄၈၁ ယောက်၊ ထုတ်ဝေသူ ၂၂၈၀ ယောက်နဲ့ သတင်းအေဂျင်စီလုပ်ငန်းအတွက် ၉၃ ယောက်၊ စုစုပေါင်း ၃၈၅၄ ယောက်ကို ခွင့်ပြုပေးခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။