DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ်များ​ လွှတ်​တော်တက်ကျမ်း​သစ္စာကျိန်ဆို
DVB
·
May 2, 2012
အန်အယ်လ်ဒီအမတ်များ​ လွှတ်​တော်တက်ကျမ်း​သစ္စာကျိန်ဆို
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲအနိုင်ရတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေဟာ ဒီက​နေ့​ ပထမဆုံး​အကြိမ်အဖြစ် ​နေပြည်​တော်က ပြည်သူ့​လွှတ်​တော်ကို တက်​ရောက်ပြီး​ ကျမ်း​သစ္စာကျိန်ဆိုကြပါတယ်။

ဒီက​နေ့​ ပြည်သူ့​လွှတ်​တော်ကို ပထမဆုံး​အကြိမ် တက်​ရောက်လာတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ပြည်သူလူထုရဲ့​အကျိုး​ကို ပိုမိုပြီး​ဆောင်ရွက်နိုင်မယ်လို့​ ​မျှော်လင့်​တယ်”လို့​ လွှတ်​တော်တွင်း​သတင်း​ရယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက်ရဲ့​ ​မေး​မြန်း​ချက်ကို ​ဖြေကြား​ခဲ့​ပါတယ်။

ပြည်တွင်း​ပြည်ပ သတင်း​ထောက်​တွေဟာ ​ဒေါ်​အောင်ဆန်း​စုကြည် လွှတ်​တော်တက်​ရောက်တဲ့​ သတင်း​ကို အား​သွန်ခွန်စိုက်ရယူကြတာကို ​တွေ့​မြင်ရသလို ဒီက​နေ့​မှာ​တော့​ အရင်ရက်​တွေကထက် လုံခြုံ​ရေး​ပိုမိုချထား​တာကို သတိပြုမိတယ်လို့​ လွှတ်​တော်အတွင်း​က ဒီဗွီဘီ သတင်း​ထောက်​တွေက ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ခုံနံ​ဘေး​နား​ကပ်လျက် ပြည်​ထောင်စုကြံ့​ခိုင် ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီက အမတ်​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ နှုတ်ဆက် စကား​ပြောဆိုတာကို မြင်​တွေ့​ရတယ်လို့​ ​ပြောပါတယ်။

၁၉၈၈ ခုနှစ် သမိုင်း​ဝင်လူထုအုံကြွမှုအပြီး​ တည်​ထောင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ ​ကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့​ဖူး​ပြီး​ လွှတ်​တော်​ခေါ်ခွင့်​မရဘဲ ဖြစ်ခဲ့​ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲကို မဝင်ခဲ့​ဘဲ ၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ရာမှာ ၄၅ ​နေရာ အနက် ၄၄ ​နေရာပြိုင်ပြီး​ ၄၃ ​နေရာ အနိုင်ရခဲ့​ပါတယ်။

အနိုင်ရပြီး​နောက် လွှတ်​တော်တက်ဖို့​ ကျမ်း​ကျိန်ရမယ့်​ စာသား​မှာ ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံ ဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမည် ဆိုတဲ့​စကား​လုံး​ကို လက်မခံနိုင်တာ​ကြောင့်​ ​လေး​စား​လိုက် နာပါမည်ဆိုတဲ့​ စာသား​ပြောင်း​ပေး​ဖို့​ ကြိုး​ပမ်း​နေရတဲ့​အတွက် လွှတ်​တော်တက်ဖို့​ ​နှောင့်​နှေး​နေခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က​တော့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမည်ဆိုတဲ့​ မူရင်း​စာသား​ကိုပဲ လက်ခံပြီး​ ကျမ်း​ကျိန် လွှတ်​တော်တက်ဖို့​ အန်အယ်လ်ဒီက ဆုံး​ဖြတ်လိုက်တာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ကြား​ဖြတ်​ရွေး​ကောက်ပွဲမဲဆွယ်စဉ်က တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေထဲက တချို့​ကို ပြင်ဆင်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေကို ဦး​စား​ပေး​ဆောင်ရွက်မယ်လို့​ မဲဆွယ်စည်း​ရုံး​ခဲ့​ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013