DVB Logo
Home
မြန်မာသတင်း
အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော
DVB
·
May 1, 2012
အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော
Donate to DVB

လာမယ့်​ ၂၀၁၅ ခုနှစ်မှာ အဓမ္မ အလုပ်​စေခိုင်း​မှု​တွေ မြန်မာပြည်မှာ လုံး​ဝပ​ပျောက်သွား​စေဖို့​ စတင် ​ဆောင်ရွက်​နေပြီလို့​ မြန်မာသမ္မတ ဦး​သိန်း​စိန်က ​မေလ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ကမ္ဘာ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ်​ပေး​ပို့​တဲ့​ သဝဏ်လွှာမှာ ထည့်​သွင်း​ပြောကြား​လိုက်ပါတယ်။

သမ္မတဦး​သိန်း​စိန်က ဒီမိုက​ရေစီစနစ်အရတာဝန်ယူခဲ့​တဲ့​ အစိုး​ရသစ်သက်တမ်း​ တနှစ်​ကျော် ကာလဖြစ်လို့​ နိုင်ငံမှာ တရား​မျှတ လွတ်လပ်ညီမျှခြင်း​ဆိုတဲ့​ ​လောကပါလတရား​တွေ ပိုထွန်း​ကား​စေဖို့​ အဓမ္မခိုင်း​စေမှု​တွေ မြန်မာနိုင်ငံ တဝန်း​လုံး​မှာ လုံး​ဝပ​ပျောက်သင့်​ပြီလို့​ ဆိုပါတယ်။

အဓမ္မခိုင်း​စေမှုမှာ မည်သူ တဦး​တ​ယောက်ထံကမဆို ကာယကံရှင်ရဲ့​ဆန္ဒမပါဘဲ လုပ်အား​ကို ခြိမ်း​ခြောက်ပြီး​ အတင်း​အကျပ် ရယူအသုံး​ပြုတဲ့​ အလုပ်​တွေနဲ့​ဝန်​ဆောင်မှု​တွေ ပါဝင်တယ်လို့​ဦး​သိန်း​စိန်က ​ပြောပါတယ်။

အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် အလုပ်သမား​ အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​ပြုထား​တဲ့​အ​ကြောင်း​နဲ့​ ​ခေတ်မီ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက်ရာမှာ အလုပ်သမား​ အလုပ်ရှင်နဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေက အစိုး​ရနဲ့​ ညီညီညွတ်ညွတ် ပူး​ပေါင်း​ဆောင်ရွက်ဖို့​လည်း​ သမ္မတ ဦး​သိန်း​စိန်က တိုက်တွန်း​ပါတယ်။

ဒီက​နေ့​ ကျ​ရောက်တဲ့​ ၁၂၂ ကြိမ်​မြောက် ကမ္ဘာ့​အလုပ်သမား​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​တွေကို မြန်မာနိုင်ငံတွင်း​မှာ​ရော ပြည်ပမှာပါ မြန်မာ အလုပ်သမား​တွေနဲ့​ အလုပ်သမား​အ​ရေး​ လှုပ်ရှား​သူ​တွေက ​နေရာအသီး​သီး​မှာ ကျင်း​ပခဲ့​ကြပါတယ်။

ရန်ကုန်တိုင်း​ သန်လျင်မြို့​နယ်မှာ​တော့​ အလုပ်သမား​သမဂ္ဂ အဖွဲ့​အစည်း​တွေ အများ​အပြား​ ပါဝင်တဲ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ် ​ဟော​ပြောပွဲနဲ့​ အခမ်း​အနား​ကို မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ပထမဆုံး​အကြိမ် လွတ်လပ်စွာ ကျင်း​ပနိုင်ခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​ရ​ရေး​နဲ့​ အလုပ်သမား​တွေရဲ့​ ဘဝ အာမခံချက်ရှိ​ရေး​ဟာ မြန်မာအလုပ်သမား​ထု​တွေ အတွက် အ​ရေး​အကြီး​ဆုံး​ ဖြစ်တယ်လို့​ လွတ်လပ်​သော အလုပ်သမား​သမဂ္ဂများ​ ဖြစ်​မြောက်​ရေး​ကော်မတီက ဦး​ထွန်း​ထွန်း​နိုင်က ​ပြောပါတယ်။

“မြန်မာပြည်မှာရှိတဲ့​ အလုပ်သမား​ပြဿနာဟာ အဓမ္မ အလုပ်ခိုင်း​စေမှု ပြဿနာ တခုတည်း​ မဟုတ်ပါဘူး​။ အလုပ်သမား​သမဂ္ဂ​တွေ လွတ်လပ်စွာ ဖွဲ့​စည်း​ခွင့်​ရရှိဖို့​ ဖြစ်တယ်။ အလုပ်သမား​တွေမှာ သူတို့​ရဲ့​လုပ်အား​နဲ့​ ညီမျှတဲ့​ လုပ်ခလစာ ရရှိဖို့​ဖြစ်တယ်။ အလုပ်သမား​တွေရဲ့​ ဘဝအာမခံချက်ရရှိ​ရေး​ ဖြစ်တယ်။ ဒါက အလုပ်သမား​တွေအတွက် အ​ရေး​ကြီး​တဲ့​ ပြဿနာပါ။ အဓမ္မ လုပ်အား​ပေး​ ပြဿနာဆိုတာ အလုပ်သမား​တွေရဲ့​ ပြဿနာထဲမှာ အစိတ်အပိုင်း​တခုပဲ ဖြစ်ပါတယ်။”

ဒီအခမ်း​အနား​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​၊​ အလုပ်သမား​ လယ်သမား​ရေး​ဆောင်ရွက်သူ မစုစု​နွေး​နဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေ ​ဟော​ပြောခဲ့​ကြပြီး​ ​ဆောင်း​ဦး​လှိုင်၊​ အနဂ္ဂ၊​ သံသာဝင်း​စတဲ့​ အနုပညာရှင် တချို့​လည်း​ ပါဝင် တက်​ရောက်ခဲ့​ကြပါတယ်။

မြန်မာအလုပ်သမား​တွေဟာ ၁၉၈၈ ကာလတုန်း​က မဆလ တပါတီ အာဏာ ရှင်စနစ် ပြုတ်ကျသွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​အပါဆုံး​ အင်အား​စုဖြစ်တယ်လို့​ အခမ်း​အနား​မှာ ကိုကိုကြီး​က အလုပ်သမား​တွေကို ဂုဏ်ပြုစကား​ ​ပြောကြား​သွား​ပါတယ်။

“၁၉၈၈ ခုနှစ် နိုင်ငံလုံး​ကျွတ် လူထုလှုပ်ရှား​မှုကြီး​မှာ ကျ​နော်တို့​ တက္ကသိုလ် ​ကျောင်း​ဝင်း​တွေက​နေ စခဲ့​တယ်ဆို​ပေမယ့်​ တကယ့်​အဆုံး​အဖြတ် ​ပေး​သွား​တဲ့​ အစိုး​ရ ယန္တရား​တခုလုံး​ ရပ်တန့်​သွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​ပါဆုံး​ အင်အား​စုက အလုပ်သမား​ထုပါ။ အဲဒီအလုပ်သမား​ထုသာ သပိတ်ထဲမှာ ပူး​ပေါင်း​ပါဝင် မလာခဲ့​ရင် တပါတီအာဏာရှင်ရဲ့​ ယန္တရား​ဟာ ဆက်ပြီး​သက်ဆိုး​ရှည်​နေဦး​မှာ။ အဲဒီလို ကျ​နော်တို့​ နိုင်ငံရဲ့​ခေတ်​ပြောင်း​၊​ စနစ်​ပြောင်း​ ​တော်လှန်​ရေး​တခုကို အဓိကကျခဲ့​တဲ့​ အင်အား​စုတခုအဖြစ်နဲ့​ ကျ​နော်တို့​ ​ကျောင်း​သား​ထုနဲ့​ အလုပ်သမား​ထုနဲ့​ ​အောင်​အောင်မြင်မြင် ပူး​ပေါင်း​ဆောင်ရွက်နိုင်ခဲ့​တာဟာ ကျ​နော်တို့​နိုင်ငံရဲ့​ ဒီမိုက​ရေစီ ​ပြောင်း​လဲ​ရေး​မှာ အ​ရေး​အပါဆုံး​ ​သော့​ချက်လို့​ ​ပြောလို့​ ရပါတယ်။”

အလား​တူ မြန်မာနိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ အများ​အပြား​ လာ​ရောက် အလုပ်လုပ် ကိုင်​နေတဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်၊​ ချင်း​မိုင်၊​ မဲ​ဆောက်မြို့​စတဲ့​မြို့​တွေမှာလည်း​ ​မေ​ဒေး​နေ့​ လှုပ်ရှား​မှု​တွေနဲ့​ အခမ်း​အနား​တွေ ကျင်း​ပခဲ့​ကြပြီး​ အလုပ်ချိန်၊​ လုပ်အား​ခ စတဲ့​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ အခွင့်​အ​ရေး​တွေ ပြည့်​ပြည့်​ဝဝရရှိ​ရေး​နဲ့​ ဖိနှိပ်မှု​တွေက​နေ ကင်း​လွတ်​ရေး​အတွက် ​တောင်း​ဆိုခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013