DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား
DVB
·
May 1, 2012
ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား
Donate to DVB

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံပြီး​ လွှတ်​တော်တက်ဖို့​ ဆုံး​ဖြတ်လိုက်တဲ့​အ​ပေါ် ချီး​ကျူး​ဂုဏ်ပြုလိုက်ပြီး​ ကုလသမဂ္ဂမှာ မိန့်​ခွန်း​ပြောကြား​ဖို့​လည်း​ ဖိတ်ကြား​ခဲ့​ပါတယ်။

[caption id="attachment_24793" align="alignleft" width="300" caption="မစ္စတာ ဘန်ကီမွန်း​နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်"][/caption]

မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လွှတ်​တော်တက်​ရောက်​ရေး​ ​ပျော့​ပျောင်း​ညင်သာစွာ သ​ဘောတူ လုပ်​ဆောင်လိုက်တာနဲ့​ ပတ်သက်ပြီး​ ချီကျူး​ဂုဏ်ပြုစကား​ ​ပြောကြား​ခဲ့​တာပါ။

မြန်မာနိုင်ငံဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ကို လုပ်​ဆောင်​နေ​ပေမယ့်​ အခက်အခဲ​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်လို့​ မစ္စတာ ဘန်ကီမွန်း​က ​ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ဖြစ်စဉ်မှာ အခက်အခဲ​တွေ ရှိချင်ရှိမယ်။ စိန်​ခေါ်မှု​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​ ဖြစ်စဉ်က​တော့​ ပြန်မပြင်သင့်​တော့​ဘူး​။ ​နောက်ပြန် မလှည့်​ရ​တော့​ဘူး​” လို့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အန်အယ်လ်ဒီပါတီဟာ အငြင်း​ပွား​နေတဲ့​ စကား​ရပ်​တွေကို ​ပျော့​ပျောင်း​စွာ လုပ်​ဆောင်နိုင်ခဲ့​တာဟာ ပါတီရဲ့​ မဟာဗျူဟာ လုပ်ငန်း​စဉ်အသစ်လည်း​ မဟုတ်ဘူး​လို့​ သတင်း​ထောက်​တွေကို ​ဖြေကြား​သွား​ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုက​ရေစီရရှိ​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတ​လျှောက်လုံး​မှာ ​ပျော့​ပျောင်း​တဲ့​ နည်း​လမ်း​ကို ကျမတို့​ အမြဲယုံကြည်ခဲ့​ပါတယ်။ ဘာလို့​လဲဆို​တော့​ အကြမ်း​မဖက်ဘဲနဲ့​ ​ပျော့​ပျောင်း​တဲ့​ ချဉ်း​ကပ်မှုမျိုး​နဲ့​သာ ကျမတို့​လိုချင်တဲ့​ ပန်း​တိုင်ကို ​ရောက်ရှိနိုင်မှာ မို့​လို့​ပါပဲ။ အဲဒီအတွက် ​ပျော့​ပျောင်း​တဲ့​ လုပ်​ဆောင်ချက်​တွေဟာ ကျမတို့​ပါတီရဲ့​ နည်း​ဗျူဟာအသစ်လို့​ ကျမ မထင်ဘူး​” လို့​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲမှု​တွေဟာ ဥပ​ရောသမဂ္ဂရဲ့​ အ​ရေး​ယူပိတ်ဆို့​မှု​တွေကို တနှစ်ဆိုင်း​ငံ့​မှု​တွေဖြစ်​စေပြီး​တော့​ ဒီနှစ်နဲ့​ လာမယ့်​နှစ်​တွေအတွက် အ​မေရိကန်​ဒေါ်လာ သန်း​ ၂၀၀ နီး​ပါး​ မြန်မာနိုင်ငံ ဖွံ့​ဖြိုး​မှု​တွေအတွက် အကူအညီရ​စေခဲ့​တာပါ။

နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်ဖြစ်၊​ လူသား​ချင်း​ စာနာ​ထောက်ထား​လို့​ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုး​တွေမဆို ရရှိတာဟာ မြန်မာနိုင်ငံသား​တွေအတွက် ကိုယ်စွမ်း​ကိုယ်စ​တွေ တိုး​တက်မြင့်​မား​စေပြီး​တော့​ အစိုး​ရအ​ပေါ်ကို မှီခိုစိတ်​တွေကလည်း​ ​လျှော့​နည်း​စေဖို့​ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့​ဒီမိုက​ရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့​လမ်း​ကြောင်း​အတိုင်း​ သွား​မယ်ဆိုတာ ကျမ အ​သေအချာ ​ပြောနိုင်ပါတယ်” လို့​ သတင်း​ထောက်​တွေကို ​ဖြေဆိုခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကို နယူး​ယောက် ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံမှာ မိန့်​ခွန်း​ပြောကြား​ဖို့​ကိုလည်း​ မစ္စတာ ဘန်ကီမွန်း​က ဖိတ်ကြား​ခဲ့​ရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​တယ်လို့​ သိရပါတယ်။ ဒါ​ပေမယ့်​ ဘယ်အချိန်မှာ သွား​ရောက်ပြီး​ မိန့်​ခွန်း​ပြောမလဲ ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။

မစ္စတာဘန်ကီမွန်း​ဟာ ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ကျင်း​ပတဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေရဲ့​ အစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့​ရဲ့​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲတခု ကျင်း​ပခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013