DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​မှာ ​လေပြင်း​ကြောင့်​ ​မော်​တော်များ​ နစ်မြုပ်
DVB
·
May 1, 2012
Donate to DVB

မန္တ​လေး​မြို့​မှာ ဧပြီ ၃၀ ရက် ည​နေပိုင်း​က တိုက်ခတ်သွား​တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ ဧရာဝတီမြစ်ကမ်း​မှာ ဆိုက်ကပ်ထား​တဲ့​ ​မော်​တော် ၁၅ စီး​လောက် နစ်မြုပ်သွား​ပါတယ်။

မန္တ​လေး​မြို့​ ၂၆ ဘီလမ်း​ အ​နောက်ထိပ်ရှိ မရမ်း​ခြံဆိပ်မှာ ဆိုက်ကပ်ထား​တဲ့​ ကမ္ဘာလှည့်​ခရီး​သည်တင် ​မော်​တော် ၃ စီး​ အပါအဝင်၊​ ကုန်တင်​မော်​တော်​တွေဟာ ​လေပြင်း​နဲ့​ ​ရေလှိုင်း​တွေ​ကြောင့်​ နစ်မြုပ်သွား​တာ ဖြစ်ပါတယ်။

မော်​တော်ပိုင်ရှင်တဦး​ ​ပြောပြတာက “​လေကျပြီး​တော့​ မြုပ်သွား​တာပဲ။ ​လေက ည​နေ ၅ နာရီခွဲ​လောက်က တိုက်တယ်။ ​လေတအား​ပြင်း​တယ်။ ည​နေ ၆ နာရီခွဲ​လောက် ငြိမ်သွား​တယ်။ တစင်း​နဲ့​တစင်း​ ရိုက်ပြီး​တော့​ လှိုင်း​တွေဝင်ပြီး​ မြုပ်ကုန်တာပဲ။ ကုန်​မော်​တော်​တွေများ​တယ်။ ကုန်တင်တဲ့​ ​မော်​တော်အကြီး​တွေပဲ မြုပ်တာများ​တယ်။ တထပ်ကုန်တင် အကြီး​တွေ။ ​ရေလှိုင်း​ကကြီး​တယ် ၅ ​ပေ​လောက် မြင့်​တယ်။ မရမ်း​ခြံဆိပ် တခုတည်း​တင် ၁၅ စင်း​လောက်ရှိတယ်။”

နစ်မြုပ်သွား​တဲ့​ ​မော်​တော်​တွေထဲက ၂ စီး​လောက်ကို ​မေလ ၁ ရက် ည​နေပိုင်း​လောက်မှာ ​မော်​တော်ပိုင်ရှင်​တွေက ကိုယ့်​အား​ကိုယ်ကိုး​ ပြန်လည်​ဖော်ယူ ရရှိထား​ပြီး​ ဖြစ်တယ်လို့​လည်း​ သိရပါတယ်။ နစ်မြုပ်သွား​တဲ့​ ​မော်​တော်အများ​စုမှာ ဓာတ်​မြေဩဇာ​တွေ တင်​ဆောင်ထား​ကြပြီး​၊​ တစီး​ကို ကာလတန်ဖိုး​ ကျပ်သိန်း​ ​ထောင်ချီတန်ပါတယ်။

လေပြင်း​တိုက်လို့​ ​မော်​တော်မြုပ်တာမျိုး​ အရင်ကဖြစ်ဖူး​ပေမယ့်​ ခုလို ​မော်​တော်​တွေ အ​ရေအတွက်များ​များ​ နစ်မြုပ်မှုက​တော့​ မကြုံ​တွေ့​ဖူး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီ​လေပြင်း​တွေ တိုက်ခတ်မှုနဲ့​ ပတ်သက်ပြီး​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က​တော့​ မိုး​တိမ်​တောင်​တွေ​ကြောင့်​ ဖြစ်​ပေါ်တဲ့​ စိုက်ဆင်း​ ​လေပြင်း​ကြောင့်​ ဖြစ်နိုင်တယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​က ​နွေ​ရောက်​နေ​တော့​ အထက်အညာက အရမ်း​ပူတယ်။ ပူတဲ့​မြေပြင်​ပေါ်ကို အ​အေး​ဓာတ်ပါတဲ့​ ​ရေ​ငွေ့​ပါတဲ့​ ​လေက ဝင်လာရင် ​လေထုမတည်ငြိမ်ဘူး​။ ​လေထုမငြိမ်ရင်ဖြစ်တဲ့​ မိုး​တိမ်​တောင်က မိုး​တိမ်​တောင်ချင်း​ တူရင်​တောင် မြစ်ဝကျွန်း​ပေါ်ကဖြစ်တဲ့​ မိုး​တိမ်​တောင်နဲ့​ အထက်မြန်မာပြည်ဘက်မှာ ဖြစ်တဲ့​ မိုး​တိမ်​တောင်က ပိုပြီး​အား​ကောင်း​တယ်။ အဲဒီ​ကောင်မျိုး​က ရာသီဥတု​အေး​ရင် အဆုံး​ထိ ​အေး​လေ့​ရှိတယ်။ မိုး​တိမ်​တောင်က​ပေး​တဲ့​ ရာသီဥတုမှာ အဆိုး​ဆုံး​က နံပါတ် ၁ ​လေဆင်နှာ​မောင်း​၊​ ဒုတိယက စိုက်ဆင်း​လေပြင်း​၊​ တတိယက​တော့​ မိုး​သက်​လေပြင်း​ပေါ့​။ မိုး​ရွာတယ်၊​ မိုး​ကြိုး​ပစ်တယ်၊​ မိုး​သီး​ကျတယ်။ အစရှိသဖြင့်​ပေါ့​။ အခုဖြစ်တဲ့​ဟာက​တော့​ ​လေပါတယ်။ ​လေက မြစ်ထဲမှာ ဖြတ်တိုက်​တော့​ ​ရေတက်တယ်​ပေါ့​။ ​လေဆင်နှာ​မောင်း​တော့​ မဖြစ်နိုင်ဘူး​ပေါ့​။ ဒုတိယဖြစ်တဲ့​ စိုက်ဆင်း​လေပြင်း​ ဖြစ်နိုင်ပါတယ်။”

ဧပြီ ၃၀ ရက်က တိုက်ခတ်သွား​တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေက​တော့​ မကြား​သိရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013