အန်အယ်လ်ဒီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို
မောင်တူး
·
May 1, 2012
ကျမ်းကျိန်စာသားပြဿနာကြောင့် လွှတ်တော်တက်ရေး အကျပ်အတည်း တွေ့နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နောက်ဆုံးမှာ လွှတ်တော်တက်ရောက်ဖို့ မနေ့က ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများက ကြိုဆိုလိုက်ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ပြောကြားချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။