Home
မြန်မာသတင်း
ဇီးကုန်မြို့နယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးပွဲ ပြည်သူများ ဆန္ဒထုက်ဖော်
DVB
·
January 11, 2018
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စံပယ်မြောင် ကျေးရွာနဲ့ ချောင်းကမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ တရားမျှတမှုမရှိဆိုပြီး ကျေးရွာသူ ရွာသား ၂၀၀ လောက် ဒီနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုပ်ဖော်ရာမှာ ဦးဆောင်သူ ဒေါ်အေးမူက “ကျမတို့ရွာမှာ အုပ်ချုပ်ရေးမှူလောင်း ရွေးချယ်တော့ အကျင့်မကောင်းတဲ့ ရာအိမ်မှူးကို ရွေးတယ်။ ကျမတို့ရွာသားတွေ ကန့်ကွက်တယ်လက်မခံဘူး။ ဒါကို မကျေနပ်လို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း တိုင်ထားပြီး အခုလို ဆန္ဒပြတာပါ" လို့ ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တာကို ဇန်နဝါရီ ၅ ရက်နေ့က စပြီး ရွေးတာလို့ သိရပါတယ်။ “ကြီးကြပ်ရေးမှူးအဖွဲ့အပြင် မြို့နယ်က ကြီးကြပ်ရေးအဖွဲ့တွေလည်း လာတယ်၊ မသမာမှုများဖြစ်နေလို့ ပြောတာကို ကြီးကြပ်ရေးအဖွဲ့တွေက လက်မခံခဲ့ဘူး။ အခုက အုပ်ချူပ်ရေးမှူးရွေးချယ်တာ သမာသမတ်မကျဘူး၊ ကန့်ကွက်တာကိုလည်း လက်မခံတဲ့အတွက် ကိုယ်တိုင်ပါဝင်ဆန္ဒထုက်ဖော်ရတာပါ” လို့ စံပယ်မြောင်ကျေးရွာ လက်ရှိအုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောပါတယ်။ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးညီညီအောင်က "ကျနော်တို့ မြို့နယ်မှာ အုပ်ချူပ်ရေးမှူး ရွေးချယ်တာနဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ အဖွဲ့လေးဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့တွေက ကူညီပေးရုံ၊ ပါဝင်ရောက်ပတ်သက်တာ မဟုတ်ပါဘူး။ ရပ်ကျေးစာရေးကိုလည်း စစ်ဆေးနေပါပြီ။ လုပ်ထုံး လုပ်နည်းအရ အရေးယူမှာပါ။ မနေ့က ဆန္ဒပြတဲ့အဖွဲ့တွေနဲ့ ရုံးမှာ ခေါ်တွေ့ပြီး ရှင်းပြခဲ့တယ်။ စံပယ်မြောင်ကျေးရွာကို အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ရပ်ဆိုင်ထားပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ဆန္ဒပြတဲ့အတွက် သူ့ကိုလည်း အဖွဲ့ဖွဲ့ပြီး စစ်ဆေးတာတွေ ပြုလုပ်သွားမှာပါလို့" ပြောပါတယ်။ ဆန္ဒပြသူတွေက စံပယ်မြောင် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်စာရေးမှ မမှန်မကန် လုပ်ဆောင်မှုအား အလိုမရှိ. စတဲ့ ကြွေးကြော်သံတွေနဲ့ ဇီးကုန်းမြို့မဈေးအပြင်နဲ့ မြို့တွင်းကို လှည့်လည်ခဲ့ကြပါတယ်။ မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024