လေပြင်းကြောင့် ဖောင်ကြိုးပြတ် မျောပါသွားသည့် ရေလုပ်သား ၆ ဦး အိန္ဒိယရောက်နေ
DVB
·
January 11, 2018
ဖျာပုံမြို့နယ် ပင်လယ်ပြင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ဖောင်ကြိုးပြတ် မျောပါခဲ့တဲ့ ရေလုပ်သား ၆ ဦး အိန္ဒိယနိုင်ငံကို ရောက်ရှိသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ဖျာပုံမြို့မှ ရေမိုင် ၂၂ မိုင်လောက်အကွာ ပင်လယ်ပြင်မှာ ဖျာပုံမြို့နယ်၊ ရေလုပ်ငန်းရှင် ဦးအောင်ခင် ပိုင် ရွှေဇင်ဖြိုး အင်္ဂလန် ကျားဖောင်ဟာ ရုတ်တရက် လေပြင်းတိုက်ခိုက်မှုကြောင့် ရေလုပ်သား စိုးအောင် အပါအဝင် ၆ ဦး ဖောင်ကြိုးပြတ်ပြီး ပင်လယ်အတွင်း မျောပါ ပျောက်ဆုံးခဲ့တာပါ။
ပျောက်ဆုံးသွားသူတွေက အိန္ဒိယနိုင်ငံ၊ ပို့စ်ဘလဲယားကျွန်းကို ရောက်ရှိနေကြောင်း ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားလာလို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး ဖျာပုံမြို့နယ်၊ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်းက ခရိုင်လူ/ကယ်/ပြန် ဦးစီးဌာနကို တင်ပြထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။