DVB Logo
Home
မြန်မာသတင်း
မြန်မာ့​ဆင်း​ရဲမှု​လျှော့​ချ​ရေး​ အီး​ယူ ပါဝင်​ဆောင်ရွက်လို
DVB
·
May 1, 2012
မြန်မာ့​ဆင်း​ရဲမှု​လျှော့​ချ​ရေး​ အီး​ယူ ပါဝင်​ဆောင်ရွက်လို
Donate to DVB

မြန်မာနိုင်ငံမှာ အီး​ယူ ဥ​ရောပသမဂ္ဂရုံး​ခွဲဖွင့်​ဖို့​ ​ရောက်ရှိလာတဲ့​ အီး​ယူရဲ့​ နိုင်ငံခြား​ရေး​မူဝါဒဆိုင်ရာ အကြီး​အကဲ ကတ်သရင်း​အက်ရှ်တန်က သူ့​ရဲ့​ မြန်မာနိုင်ငံခရီး​စဉ်ကို ​ကျေနပ်အား​ရ​ကြောင်း​နဲ့​ မြန်မာသမ္မတရဲ့​ ဆင်း​ရဲမှု ​လျှော့​ချ​ရေး​ လုပ်ငန်း​မှာ အီး​ယူက ပါဝင်​ဆောင်ရွက်လိုတယ်လို့​ ခရီး​အစဉ်အပြီး​ ထုတ်ပြန်​ကြေညာလိုက်ပါတယ်။

[caption id="attachment_24770" align="alignleft" width="300" caption="ကတ်သရင်း​အက်ရှ်တန်"][/caption]

အီး​ယူရဲ့​ နိုင်ငံခြား​ရေး​မူဝါဒဆိုင်ရာ အကြီး​အကဲ ကတ်သရင်း​အက်ရှ်တန်က ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​အတွင်း​ သွား​ရောက်ခဲ့​တဲ့​ သူ့​ရဲ့​မြန်မာပြည်ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ ထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ ခုလို ​ဖော်ပြထား​တာပါ။

ဒီခရီး​စဉ်မှာ မြန်မာပြည်အနာဂတ်အ​ရေး​နဲ့​ ပတ်သက်ပြီး​ သမ္မတနဲ့​ရော အစိုး​ရ အဆင့်​မြင့်​ဝန်ကြီး​တွေနဲ့​ပါ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​အ​ကြောင်း​၊​ သမ္မတ ဦး​သိန်း​စိန်ဟာ လာမယ့်​ ၂ နှစ်တာ ကာလအတွင်း​ ကုလသမဂ္ဂရဲ့​ ​ထောင်စုနှစ်ဖွံ့​ဖြိုး​ရေး​ ရည်မှန်း​ချက်နဲ့​ အညီ မြန်မာနိုင်ငံမှာ ဆင်း​ရဲမှု​လျှော့​ချဖို့​ ရည်မှန်း​ချက်ဆန္ဒ ပြင်း​ပြ​နေတဲ့​အ​ကြောင်း​နဲ့​ မြန်မာသမ္မတရဲ့​ ကြိုး​ပမ်း​မှုမှာ အီး​ယူအ​နေနဲ့​ တစိတ်တပိုင်း​ ပါဝင်လိုတယ်လို့​ ကတ်သရင်း​ အက်ရှ်တန်က ​ပြောပါတယ်။

သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံရာမှာ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ စီး​ပွား​ရေး​ရဲ့​ ​ကျောရိုး​ဖြစ်တဲ့​ အ​သေး​စား​ စီး​ပွား​ရေး​ လုပ်ငန်း​တွေ တိုး​တက်လာ​အောင်လုပ်ဖို့​ လိုအပ်တဲ့​အ​ကြောင်း​ ​ပြောဆို​ဆွေး​နွေး​သလို ဥ​ရောပ ကုမ္ပဏီ​တွေ ရင်း​နှီး​မြှုပ်နှံဖို့​ အခွင့်​အ​ရေး​ ရ​အောင်လည်း​ ​ဆွေး​နွေး​တယ်လို့​ အီး​ယူရဲ့​ ထုတ်ပြန်ချက်မှာ ​ဖော်ပြပါတယ်။

ဒါ့​အပြင် အီး​ယူက မြန်မာနိုင်ငံ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ရန်ပုံ​ငွေအဖြစ် ၂၀၁၂-၁၃ ကာလအတွက် ယူရို သန်း​ ၁၅၀ ​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

အက်ရှ်တန်ဟာ ခရီး​စဉ်အတွင်း​မှာ အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်​တွေနဲ့​ လွှတ်​တော်အကြီး​အကဲ​တွေအပြင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ လွှတ်​တော် အကြီး​အကဲ​တွေက အ​ခြေခံဥပ​ဒေ ​ပြောင်း​လဲ​ရေး​ အပါအဝင် ​နေရာ အ​တော်များ​များ​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတူ အလုပ်တွဲလုပ်ချင်တယ်လို့​ သူ့​ကို ​ပြောဆိုခဲ့​တယ်လို့​လည်း​ အီး​ယူ သံတမန်က ဆိုပါတယ်။

အီး​ယူအဖွဲ့​ဟာ မြန်မာအစိုး​ရနဲ့​ ​တွေ့​ဆုံရာမှာ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေ အပြင် လူ့​အခွင့်​အ​ရေး​ကိစ္စနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကိစ္စ​တွေလည်း​ ​ဆွေး​နွေး​ခဲ့​တဲ့​အ​ကြောင်း​ မြန်မာသမ္မတက လွှတ်​ပေး​သင့်​သူ​တွေကို ကြည့်​ပြီး​တော့​ လွှတ်​ပေး​သွား​မယ်လို့​ ​ပြောဆိုခဲ့​ပါတယ်လို့​ ဆိုပါတယ်။ အီး​ယူဘက်က​တော့​ သူတို့​တွေက လွှတ်ဖို့​သက်သက် မဟုတ်ဘဲ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လည် ထူ​ထောင်​ပေး​ရေး​ လုပ်ငန်း​တွေမှာ ​ထောက်ခံဖို့​ တိုက်တွန်း​ခဲ့​တယ်လို့​ဆိုပါတယ်။

ပြည်ပအ​ခြေစိုက် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အား​စု နိုင်ငံခြား​ရေး​ရာ တွဲဖက်အတွင်း​ရေး​မှူး​ ဦး​စိုး​အောင်က အီး​ယူနဲ့​ မြန်မာ ဆက်ဆံ​ရေး​ ​ပြောင်း​လဲလာတာနဲ့​ ပတ်သက်ပြီး​တော့​ သူ့​ရဲ့​အမြင်ကို အခုလို သုံး​သပ်​ပြောကြား​ သွား​ပါတယ်။

“အီး​ယူက​နေ စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံမယ့်​ ကုမ္ပဏီ​တွေ အလုံး​အရင်း​နဲ့​ ဝင်လာဖို့​ရှိတယ်။ ဆိုလိုချင်တာက စီး​ပွား​ရေး​ အကျပ်အတည်း​ကလည်း​ ဖြစ်​နေတယ်မလား​။ လက်ရှိ မြန်မာနိုင်ငံမှာက စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံတဲ့​ ​နေရာမှာ ​ဒေသခံ ပြည်သူ​တွေ၊​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ ပတ်သက်တဲ့​ ထား​ရှိရမယ့်​ စံချိန်စံနှုန်း​တွေ အဲ့​ဒါ​တွေက ဘာမှမရှိ​သေး​ဘူး​။ ပိတ်ဆို့​ဒဏ်ခတ်တာ ရပ်ဆိုင်း​တဲ့​အတွက်​ကြောင့်​ စီး​ပွား​ရေး​ရင်း​နှီး​မြှုပ်နှံမှု​တွေက အလုံး​အရင်း​နဲ့​ ဝင်လာကြမယ်ဆိုရင် နိုင်ငံတကာက​နေ လိုက်နာကျင့်​သုံး​တဲ့​ စီး​ပွား​ရေး​ စံချိန်စံနှုန်း​တွေကို ​သေ​သေချာချာ မချမှတ်နိုင်ဘူး​ဆိုရင် ဒီလို ရင်း​နှီး​မြှုပ်နှံမှု​တွေ​ကြောင့်​ ​ဒေသခံပြည်သူ​တွေအ​ပေါ်မှာ ​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို ပိုပြီး​ သက်​ရောက်လာ​စေမှာ​တွေ အများ​ကြီး​ မြင်​နေရတာ ​တွေ့​ရတယ်။ ဒါ​တွေ​ကြောင့်​ စိုး​ရိမ်ပူပန်မိတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013