သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အကောင်းဆုံးကစားနိုင်ရန် ဂျိုကိုဗစ် မျှော်လင့်

ဓာတ်ပုံ - Getty Images
1.3K
ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အတွက် သြစတြေးလျအိုးပင်းမှာ အကောင်းဆုံး ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၃၀ နှစ်ရှိ ကမ္ဘာ့နံပါတစ် ကစားသမားဟောင်း ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပင်းမှာ တံတောင်ဆစ်ဒဏ်ရာ ရခဲ့တာကြောင့် ၆ လလောက် အနားယူခဲ့ရတာပါ။
ဂျိုကိုဗစ်ဟာ ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေမယ့် သြစတြေးလျအိုးပင်း အကြိုကျင်းပတဲ့ Kooyong Classic မှာတော့ ကမ္ဘာ့အဆင့် ၅ ဒိုမင်နစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
လက်ရှိအချိန်မှာ မိမိအနေနဲ့ ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်းအပြည့် မရသေးပေမယ့် သြစတြေးလျအိုးပင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဂျိုကိုဗစ်က ဆိုပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၁၄ သတ်မှတ်ခံထားရတဲ့ ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်းမှာ ၆ ကြိမ်အထိ ဗိုလ်စွဲထားပြီး ဂရင်းစလင်း ချန်ပီယံဆုဖလား စုစုပေါင်း ၁၂ ကြိမ်အထိ ရယူထားပါတယ်။