DVB Logo
Home
မြန်မာသတင်း
လယ်ဆည်ဝန်ကြီး​ လွှတ်​တော်အမတ်များ​ကို ​တောင်း​ပန်
DVB
·
April 30, 2012
လယ်ဆည်ဝန်ကြီး​ လွှတ်​တော်အမတ်များ​ကို ​တောင်း​ပန်
Donate to DVB

လယ်ယာစိုက်ပျိုး​ရေး​နဲ့​ဆည်​မြောင်း​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​မြင့်​လှိုင်က Hot News ဂျာနယ်ပါ အင်တာဗျူး​ပြောဆိုချက်နဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စား​လှယ်​တွေကို ​တောင်း​ပန်လိုက်ပါတယ်။

လွှတ်​တော်ကိုယ်စား​လှယ်​တွေကို ပညာမတတ် ဆယ်တန်း​မ​အောင်တဲ့​သူ​တွေ၊​ လွှတ်​တော်အတွင်း​မှာ ရမ်း​လုပ်​နေသူ​တွေလို့​ ဦး​မြင့်​လှိုင်က ​ပြောဆိုခဲ့​တာကို ရန်ကုန်အ​ခြေစိုက် မတ်လ ၂၃ ရက်ထုတ် Hot News ဂျာနယ်မှာ ​ဖော်ပြတဲ့​အတွက် ဦး​မြင့်​လှိုင်က ​တောင်း​ပန်လိုက်တာပါ။

ဒီ​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​မြင့်​လှိုင်က​နေ ပြည်​ထောင်စုလွှတ်​တော်ကို ​တောင်း​ပန်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ သီ​ပေါမြို့​နယ် ပြည်သူလွှတ်​တော်ကိုယ်စား​လှယ် ဦး​ရဲထွန်း​က ဒီဗွီဘီကို ခုလို ပြန်​ပြောပြပါတယ်။

“ဒီ​နေ့​အစီအစဉ်မှာ ပူး​ပေါင်း​ကော်မတီက အစီရင်ခံစာနဲ့​ သ​ဘောထား​ မှတ်ချက်ကို ဖတ်ပြီး​တဲ့​နောက်ပိုင်း​မှာ ဝန်ကြီး​ကိုယ်တိုင် ကျ​နော်တို့​လွှတ်​တော်ကို ​တောင်း​ပန်တယ်။ သူ​တောင်း​ပန်တာ​တော့​ စာရွက်စာတမ်း​တော့​ ထုတ်မ​ပေး​ဘူး​။ ဒီဟာပဲ ရှင်း​ပြပြီး​တော့​၊​ သူ​စေတနာနဲ့​ ဖြစ်တာပါ။ သူ​ပြောတဲ့​ အသုံး​အနှုန်း​တွေက လွှတ်​တော်ကို​သော်လည်း​ကောင်း​၊​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကို ​သော်လည်း​ကောင်း​ ​စော်ကား​လိုစိတ် မရှိပါဘူး​။ ဒါ​ကြောင့်​ သူ့​ကိုနား​လည် ခွင့်​လွှတ်​ပေး​ကြပါ။ ​ကျေနပ်​အောင် ​တောင်း​ပန်ပါတယ်ဆိုတာ​ပေါ့​။”

ဦး​မြင့်​လှိုင်ရဲ့​ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စား​လှယ်​တွေကို ​စော်ကား​ ​ပြောဆိုခဲ့​မှုကို လွှတ်​တော်ကိုယ်စား​လှယ် ၂၃၂ ဦး​က​နေ ပြည်​ထောင်စုလွှတ်​တော် နာယကထံ ကန့်​ကွက် ​တောင်း​ဆိုခဲ့​တဲ့​အတွက် အခုလို ပြည်​ထောင်စုလွှတ်​တော်မှာ ​တောင်း​ပန်ရတာ ဖြစ်ပါတယ်။

ပြည်တွင်း​ပြည်ပက စာနယ်ဇင်း​မီဒီယာ​တွေဟာ ပြည်​ထောင်စုအစိုး​ရရဲ့​ လုပ် ​ဆောင်မှု​တွေ အ​ပေါ်ကို အဆိုး​မြင်​ရေး​သား​နေရတဲ့​အတွက် Hot News ဂျာနယ်ကို ​ရေး​သား​ခိုင်း​ရတာ ဖြစ်​ကြောင်း​ ပြည်​ထောင်စုဝန်ကြီး​ ဦး​မြင့်​လှိုင်က ​ပြောကြား​ခဲ့​တယ်လို့​လည်း​ သိရပါတယ်။

“အစိုး​ရနဲ့​ပတ်သက်လို့​ရှိရင် ဂျာနယ်​တွေက ဖတ်လိုက်ရလို့​ရှိရင် မ​ကောင်း​သတင်း​ကြီး​ပဲ ​ရေး​တယ်​ပေါ့​။ အစိုး​ရကို အဘက်ဘက်က​နေ ဝိုင်း​ပြီး​တော့​ တိုက်ခိုက်​နေတယ်။ နိုင်ငံခြား​ ပြည်တွင်း​ပြည်ပ မီဒီယာ​တွေမှာလည်း​ အဲဒါ​တွေပဲ ​တွေ့​တယ်။ ဒါ​ကြောင့်​ Hot News ဂျာနယ်ကို ​ကောင်း​တဲ့​ဟာ​လေး​တွေ၊​ ဝန်ကြီး​တွေ ​စေတနာထား​တဲ့​အ​ကြောင်း​တွေ၊​ တိုင်း​ပြည်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်း​ပန်း​နဲ့​ ဆင်း​ရဲပင်ပန်း​ခံပြီး​ ဆည်​ဖောက်​နေတဲ့​ကိစ္စ​တွေ၊​ သူတို့​လုပ်​နေတဲ့​ ကိစ္စ​တွေကို ​ရေး​ပေး​စေချင်တယ်​ပေါ့​။ အဲဒါကို ​ပြောပြတာ။”

လယ်ယာစိုက်ပျိုး​ရေး​နဲ့​ ဆည်​မြောင်း​ဝန်ကြီး​ဌာနက မြစ်​ရေတင်စီမံကိန်း​တွေနဲ့​ ​ရေကာတာစီမံကိန်း​တွေ လုပ်​ဆောင်ရမှာ မ​အောင်မမြင်ဖြစ်ခဲ့​တဲ့​အတွက် ပြည်​ထောင်စုလွှတ်​တော်က​နေ အသုံး​စရိတ်ဖြတ်​တောက်ခဲ့​တာကို ဦး​မြင့်​လှိုင်က ပြည်​ထောင်စုလွှတ်​တော် ကိုယ်စား​လှယ်​တွေကို ပြစ်တင်​ဝေဖန်ခဲ့​တာ ဖြစ်ပါတယ်။

ဒါ​ပေမယ့်​ အခုလို ပြည်​ထောင်စုအစိုး​ရ ဝန်ကြီး​တဦး​က​နေ ပြည်​ထောင်စု လွှတ်​တော် ကိုယ်စား​လှယ်​တွေကို ​တောင်း​ပန်တဲ့​ အဖြစ်အပျက်က​တော့​ ပထမဦး​ဆုံး​ အကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013