မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို

ဘန်ကီမွန်း​နှင့်​ သမ္မတ ဦး​သိန်း​စိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။ [caption id="attachment_24680" align="alignleft" width="300" caption="ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်"][/caption] ဒီ​နေ့​ ​နေပြည်​တော် ပြည်သူ့​လွှတ်​တော်မှာ မြန်မာလွှတ်​တော်အမတ်​တွေကို နိုင်ငံတကာ ဧည့်​သည်တဦး​အဖြစ် ပထမဆုံး​အကြိမ် မိန့်​ခွန်း​ပြောကြား​ရာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာပါ။ အတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​က “သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”လို့​ ​ပြောပါတယ်။ ဒါ့​အပြင် မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။ “ကုန်သွယ်​ရေး​ အကန့်​အသတ်​တွေနဲ့​ တခြား​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ပိုမိုပြီး​ ရုပ်သိမ်း​ဖို့​၊​ ဆိုင်း​ငံ့​ထား​ပေး​ဖို့​ ဒါမှမဟုတ် ဖျက်သိမ်း​ပစ်ဖို့​ နိုင်ငံတကာ အသိုင်း​အဝန်း​ကို ကျ​နော် ​တောင်း​ဆိုပါတယ်။ ဒုတိယအချက်အ​နေနဲ့​ မြန်မာမှာ နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေနဲ့​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ စဉ်ဆက်မပြတ် တိုး​လာဖို့​ လိုအပ်​နေပါတယ်။” မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။ မစ္စတာဘန်ကီမွန်း​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပြီး​ ရန်ကုန်မှာ ကျင်း​ပမယ့်​ စီး​ပွား​ရေး​ ဆိုင်ရာ အစည်း​အ​ဝေး​ကိုလည်း​ တက်​ရောက်ဖို့​ ရှိ​နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up