DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များအတွက် အကူအညီပေးနေရဆဲ
DVB
·
April 30, 2012
စစ်ပြေးဒုက္ခသည်များအတွက် အကူအညီပေးနေရဆဲ
Donate to DVB

တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို အလှူငွေ၊ အ၀တ်အစား၊ ဆေးဝါးတွေကို ကူညီထောက်ပံ့ဖို့ အဖြူရောင်တွဲလက်များအဖွဲ့က ဒီနေ့မနက်မှာ နယ်စပ်ဒေသကို ထွက်ခွာသွားပါတယ်။

[caption id="attachment_24736" align="alignleft" width="276" caption="ကချင်စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

အဖြူရောင်တွဲလက်အဖွဲ့က မငုဝါက “အလှူငွေ သိန်း ၃၀ လောက်နဲ့ ဂျပန်မှာနေတဲ့ မြန်မာလူမျိုးနဲ့ ဂျပန်လူမျိုးတွေက ပေးလိုက်တဲ့ ကျားမ အ၀တ်အထည်၊ ကလေးအ၀တ်နဲ့ အရုပ်တွေ၊ ဖိနပ်နဲ့ စောင်တွေ အမျိုးပေါင်း ၁၅၀၀ ကျော် ပါသွားပါတယ်။ သူတို့အဓိက ရည်ရွယ်ထားတာက မန်ဝိန်းစခန်းကို သွားမှာပါ။ အဲဒီမှာ ဘယ်နေရာကို ဆက်သွားသင့်သလဲဆိုပြီး လိုအပ်တဲ့ စခန်းတွေကို ထပ်သွားမှာပါ။”

ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေနဲ့ ဖွဲ့ထားတဲ့ အဖြူရောင် တွဲလက်များ အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ်က မန်ဝိန်းကြီး ဒုက္ခသည်စခန်းနဲ့ အနီးအနားက ဒုက္ခသည် စခန်းတွေကို  သွားရောက်ခဲ့ပါတယ်။

အခုတခေါက်မှာတော့ ဒုက္ခသည်ကလေးငယ်တွေကို ဖျော်ဖြေရေးပေးဖို့် မျက်လှည့် ဆရာတယောက်၊ ရုပ်ပုံတွေ ရေးဆွဲပေးဖို့  ပန်းချီဆရာမတယောက်၊ ဒုက္ခသည်စခန်းတွေမှာ  သီချင်းဆိုပြမယ့် အစီအစဉ်တွေလုပ်ဖို့ စီစဉ်သွားတယ်လို့ မငုဝါက ပြောပါတယ်။

မနှစ် ဇွန်လက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတို့ကြား အပစ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီးနောက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅ သောင်းလောက် စစ်ပြေးနေရတယ်လို့ ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေကြားမှာ အပစ်ရပ်ရေး ၆ ကြိမ် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရသေးပါဘူး။ ဒီနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာမှာလည်း ကေအိုင်အေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ အရပ်သားတွေ သေဆုံးတဲ့ သတင်းဖော်ပြခဲ့ပြီး ကေအိုင်အေဘက်က သူတို့ လက်ချက် မဟုတ်တဲ့အကြောင်း ငြင်းဆန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013