Sunday, June 11, 2023
မေ ၂ ရက်​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​ ပြန်လည်ကျင်း​ပမည်
နေပြည်​တော်မှာ ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေကို ဒီ​နေ့​ ​စော​စောစီး​စီး​ ရပ်နား​ပေး​လိုက်ပြီး​ လာမယ့်​ ​မေ ၂ ရက်​နေ့​မှာ လွှတ်​တော်ကို ပြန်လည်ကျင်း​ပမယ်လို့​ ​ကြေညာလိုက်ပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီအမတ်များ​ လွှတ်​တော် တက်​ရောက်မယ်လို့​ ​ကြေညာလိုက်တဲ့​အတွက် လွှတ်​တော်ဥက္ကဋ္ဌ​တွေ တိုင်ပင်ပြီး​ အခုလို လွှတ်​တော်အစည်း​အ​ဝေး​ ပြန်လည် ​ခေါ်ယူလိုက်တာလို့​ ရှမ်း​ပြည်နယ် သီ​ပေါမြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ရဲထွန်း​က ​ပြောပါတယ်။
“ကျ​နော်တို့​ရဲ့​ အစီအစဉ်မှာ​တော့​ ပြည်​ထောင်စုလွှတ်​တော်​ရော၊​ ကျန်တဲ့​ အမျိုး​သား​ လွှတ်​တော်နဲ့​ ပြည်သူ့​လွှတ်​တော်​ရော အပြီး​ပဲ။ ပြည်သူ့​လွှတ်​တော်လည်း​ ည​နေပိုင်း​လုပ်ပြီး​ရင် အပြီး​ပဲလို့​ အစီအစဉ်က ထွက်ထား​တာ။ ဒါ​ပေမယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​က ၂ ရက်​နေ့​တက်မယ်လို့​ သတင်း​ထုတ်ပြန်လိုက်​တော့​ အဲဒါကို လွှတ်​တော်နှစ်ရပ်ရဲ့​ ဥက္ကဋ္ဌ ၂ ​ယောက်က တိုင်ပင်ပြီး​တော့​ ၂ ရက်​နေ့​ကို လွှတ်​တော်အစည်း​အ​ဝေး​ ပြန်ချိန်း​လိုက်တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ တက်တဲ့​အတွက် အဲဒီ​နေ့​ကို အစည်း​အ​ဝေး​ခေါ်​ပေး​တဲ့​ သ​ဘောပါပဲ။”
ဗုဒ္ဓဟူး​နေ့​ပြန်စမယ့်​ လွှတ်​တော်အစည်အ​ဝေး​မှာ ​ဆွေး​နွေး​ဖို့​ အစီအစဉ်များ​များ​ မရှိတဲ့​ အ​ကြောင်း​နဲ့​ ကိုယ်စား​လှယ်အသစ်​တွေ ကျမ်း​သစ္စာ ကျိန်ဆိုမှာနဲ့​ ပြည်သူ့​လွှတ်​တော်မှာ ဥပ​ဒေကြမ်း​တခုကို အပိုဒ်လိုက် အတည်ပြုတာ တခုရှိနိုင်တယ်လို့​သိရပါတယ်။
ကျမ်း​ကျိန်စာသား​ ပြဿနာ​ကြောင့်​ လွှတ်​တော် မတက်နိုင်ဘဲဖြစ်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လွှတ်​တော်ကိုယ်စား​လှယ်​တွေ ပထမဆုံး​အကြိမ် လွှတ်​တော် တက်​တော့​မယ်လို့​ အန်အယ်လ်ဒီက ဒီ​နေ့​ပဲ ​ကြေညာလိုက်တာပါ။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular