Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၁၀ ခုတွင် အချိန်အခါမဟုတ်မိုးရွာနိုင်သေးဟု မိုးဇလခန့်မှန်း
DVB
·
January 9, 2018
26730846_1413248622136333_8488579216791527614_n
  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ပြည်နယ်တိုင်း ၁၀ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်သေးတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၉ ရက် ဒီမနက် သတင်းထုတ်ပြန်ချက်အရ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ သိရပါတယ်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပြီး  တနင်္သာရီတိုင်းမှာ နောက် ၂ ရက်အထိ မိုးရွာနိုင်တယ်လို့လည်း မိုးဇလကခန့်မှန်းထားပါတယ်။ ရန်ကုန်မြို့အပါအဝင် ပြည်နယ်တိုင်းတချို့မှာလည်း ဇန်နဝါရီ ၈ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးတွေ ရွာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024