Live
Home
မြန်မာသတင်း
ကညွတ်ကွင်းတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦး သေ
DVB
·
January 8, 2018
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ  ဒီနေ့ မနက်ပိုင်းက ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး အမျိုးသားတဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ကညွတ်ကွင်းမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်း အနီးမှာ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်း လှမျိုးဝင်းမောင်းနှင်ပြီး နောက်မှာ ချစ်ဇော်ထက် ထိုင်ပြီးလိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့  မျက်နှာချင်းဆိုင်က ယာဉ်မောင်းငြိမ်းဦး မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်နဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။ “ဆိုင်ကယ်က ရန်ကုန်ဘက်ကနေ လာတာ။ စီးလာတာ ကကောင်းလေးနှစ်ယောက်ပါ။ အယ့်အချိန်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ၁၂ ဘီးကားနဲ့ တိုက်မိတာပါ။ တယောက်ကတော့ ဆေးရုံရောက်တဲ့အချိန်မှာပဲ ဆုံးသွားတယ်။ နောက်တယောက်ကတော့ ဒဏ်ရာရတယ်။ လက်ရှိတော့ ကားသမားကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်” လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာသူ ချစ်ဇော်ထက်မှာ ဝဲခြေ၊ လည်ပင်းနဲ့ နားထင်တို့မှာ ဖူးယောင်ထိခိုက်ဒဏ်ရာတွေ ရရှိပြီး ကညွတ်ကွင်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသနေစဉ်သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်းသူမှာလည်း အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။ ကညွတ်ကွင်း နယ်မြေရဲစခန်းက ယာဉ်မောင်း ငြိမ်းဦးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၀၄(က) အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024