DVB Logo
Home
မြန်မာသတင်း
နည်း​ပညာဥပ​ဒေပြင်ဆင်နိုင်​ရေး​ မြန်မာအိုင်စီတီဖွံ့​ဖြိုး​ရေး​အဖွဲ့​ကြိုး​ပမ်း
DVB
·
April 30, 2012
နည်း​ပညာဥပ​ဒေပြင်ဆင်နိုင်​ရေး​ မြန်မာအိုင်စီတီဖွံ့​ဖြိုး​ရေး​အဖွဲ့​ကြိုး​ပမ်း
Donate to DVB

မြန်မာနိုင်ငံမှာ နည်း​ပညာပိုင်း​ဆိုင်ရာ ဥပ​ဒေ​တွေ ပြင်ဆင်နိုင်ဖို့​ ဘ​လော့​ခ်ဂါ ​နေဘုန်း​လတ် ဦး​ဆောင်တဲ့​ မြန်မာအိုင်စီတီ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ (MIDO) အဖွဲ့​က ကြိုး​စား​လုပ်​ဆောင်​နေတယ်လို့​ ​ပြောပါတယ်။

ဧပြီ ၂၉ ရက်မှာ စတင်ဖွဲ့​စည်း​လိုက်တဲ့​ မြန်မာအိုင်စီတီဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ Myanmar ICT Development Organization (MIDO) အ​နေနဲ့​ နည်း​ပညာပိုင်း​ဆိုင်ရာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် သင်တန်း​တွေ ပို့​ချ​ပေး​တာနဲ့​အတူ မြန်မာနိုင်ငံမှာ လိုအပ်​နေတဲ့​ နည်း​ပညာပိုင်း​ဆိုင်ရာ ဥပ​ဒေ​တွေ ပြင်ဆင်နိုင်ဖို့​ ကြိုး​စား​လုပ်​ဆောင်​နေတယ်လို့​ အဖွဲ့​ခေါင်း​ဆောင် ကို​နေဘုန်း​လတ်က ​ပြောပါတယ်။

[caption id="attachment_24714" align="alignleft" width="300" caption="ကိုနေဘုန်းလတ်"][/caption]

“နည်း​ပညာအရ လွတ်လပ်ခွင့်​တခုကို ရ​နေပြီလို့​ ​ပြော​ပေမယ့်​ တဘက်ကကြည့်​ရင် ဥပ​ဒေ​တွေ ရှိ​နေ​သေး​တယ်။ ကျ​နော်တို့​ကို ကာကွယ်မ​ပေး​တဲ့​၊​ ကျ​နော်တို့​ကို အန္တရာယ်​ပေး​မယ့်​ ဥပ​ဒေ​တွေ ရှိ​နေ​သေး​တဲ့​အတွက် ကျ​နော်တို့​အတွက် လုံခြုံမှုမရှိဘူး​။ ဒီလိုကိစ္စမျိုး​တွေကို ကျ​နော်တို့​ ဘယ်လို လုပ်ကြမလဲ။ လွှတ်​တော်ထဲအထိ​တော့​ ဒီလိုဥပ​ဒေ​တွေကို သွား​ပြီး​ မပြင်နိုင်ဘူး​။ လွှတ်​တော်ထဲမှာ ကိုယ်စား​လှယ်​တွေရှိမယ်။ ကိုယ်စား​လှယ်​တွေက အကြံပြု​ဆွေး​နွေး​တဲ့​ပုံစံမျိုး​။ ကျ​နော်တို့​ ​တွေ့​မြင်သမျှ၊​ ​လေ့​လာလို့​ ရသမျှ​တွေကို စာတမ်း​ပြုစုမယ်၊​ သူတို့​တွေ ကြား​အောင် အကြံပြု​ဆွေး​နွေး​တဲ့​ ပုံစံမျိုး​ပေါ့​။ ဥပ​ဒေ​တွေကို amendment (ပြင်ဆင်ဖြည့်​စွက်) လုပ်တဲ့​အခါ အ​ထောက်အကူ ဖြစ်ဖို့​အတွက် အဲဒါ​တွေလည်း​ လုပ်ငန်း​စဉ်ထဲမှာ ပါတယ်။”

MIDO အဖွဲ့​အ​နေနဲ့​ ပြည်နယ်နဲ့​တိုင်း​အသီး​သီး​က ဖွံ့​ဖြိုး​ပြီး​၊​ ဖွံ့​ဖြိုး​ဆဲ ​ဒေသ​တွေမှာ အရွယ်မ​ရွေး​ အိုင်စီတီနည်း​ပညာရပ်​တွေ တိုး​တက်သိမြင် အသုံး​ချလာနိုင်​စေဖို့​ အပါအဝင် ​ကောင်း​မွန်ပြည့်​စုံတဲ့​ အမျိုး​သား​အဆင့်​ ဆက်သွယ်​ရေး​နဲ့​ နည်း​ပညာဆိုင်ရာ မူဝါဒ​တွေ ​ပေါ်​ပေါက်လာ​စေဖို့​ တခြား​ဖွံ့​ဖြိုး​ပြီး​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက အ​ခြေအ​နေ​တွေနဲ့​ မြန်မာနိုင်ငံက အ​ခြေအ​နေ​တွေကို နှိုင်း​ယှဉ် သုံး​သပ် လုပ်​ဆောင်သွား​ကြမယ်လို့​ ဆိုပါတယ်။

MIDO အဖွဲ့​ဝင် အိုင်တီပညာရှင် ကို​ဇော်​ဇော်မျိုး​လွင်က “အခုလက်ရှိ​တော့​ ​ဒေသတွင်း​နိုင်ငံ​တွေ၊​ ဖွံ့​ဖြိုး​တိုး​တက်ပြီး​နိုင်ငံ​တွေက​နေ သူတို့​နဲ့​ သက်ဆိုင်တဲ့​ အီလက်ထ​ရောနစ်နဲ့​ သက်ဆိုင်တဲ့​ ဥပ​ဒေ​တွေ၊​ နည်း​ပညာဆိုင်ရာ၊​ အကာအကွယ်ဆိုင်ရာ၊​ ​နောက်ပြီး​ စား​သုံး​သူအခွင့်​အ​ရေး​ဆိုင်ရာ ဒါ​တွေကို ဘာသာပြန်မယ်။ ဆက်ပြီး​တော့​ ​လေ့​လာသွား​မယ်။ ​လေ့​လာပြီး​တော့​ ဒီနိုင်ငံမှာရှိတဲ့​ တခြား​ဥပ​ဒေ​တွေကိုလည်း​ ​လေ့​လာမယ်။ သူတို့​နဲ့​ နှိုင်း​ယှဉ်မယ်၊​ နှိုင်း​ယှဉ်ပြီး​ ကျ​နော်တို့​နိုင်ငံမှာ တကယ့်​အ​နေအထား​အရ ဘာ​တွေလိုလာမလဲ ဆိုတာကို ထုတ်ပြန်သွား​မယ်။ ထုတ်ပြန်တဲ့​နေရာမှာ တကယ့်​ဥပ​ဒေပြုနိုင်တဲ့​ အဖွဲ့​အစည်း​တွေကိုလည်း​ ကျ​နော်တို့​က ​တွေ့​ဆုံ​ဆွေး​နွေး​မှု လုပ်တဲ့​ပုံစံမျိုး​နဲ့​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​ ရှိပါတယ်” လို့​ ​ပြောပါတယ်။

ဒီလို ပညာရှင်လူငယ်​တွေရဲ့​ တင်ပြချက်​တွေနဲ့​ ပြည်သူ​တွေရဲ့​ အသံ​တွေကို ဥပ​ဒေပြုလွှတ်​တော် အရပ်ရပ်က ဘယ်​လောက်အထိ လက်ခံလုပ်​ဆောင်​ပေး​မလဲ ဆိုတာ​တော့​ မသိရ​သေး​ပါဘူး​။

အခုလက်ရှိအ​ခြေအ​နေမှာ​တော့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ လုပ်တာပဲရှိပြီး​ ဘာမှ ပြုပြင်​ပြောင်း​လဲတာ မရှိ​သေး​ဘူး​လို့​ ကို​နေဘုန်း​လတ်က ​ပြောပါတယ်။

“အခု​လော​လောဆယ် ကျ​နော်သိသ​လောက်​တော့​ ဘာမှ​ပြောင်း​လဲတာ မ​တွေ့​ရ​သေး​ဘူး​။ အင်တာနက်နဲ့​ ပတ်သက်တဲ့​ လွတ်လပ်မှုက တချို့​ဟာ​လေး​တွေ ဖွင့်​ပေး​တာ​တော့​ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ တဖက်က​ပြောတဲ့​ ဥပ​ဒေအ​နေနဲ့​ ပြုပြင်သင့်​တာ​တွေကို ပြုပြင်တာမရှိ​သေး​ဘူး​။ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ လုပ်တာ​တော့​ကြား​တယ်။ အဲဒီလိုလုပ်တဲ့​အခါမှာ တကယ့်​ကို ​ပြောရဲဆိုရဲရှိတဲ့​လူ​တွေ၊​ အမှန်တရား​ကို ​ပြောနိုင်တဲ့​၊​ လူထုနဲ့​ အမှန်တကယ် နီး​စပ်တဲ့​လူ​တွေကို ဖိတ်​ခေါ်ဖို့​၊​ အဲဒီလူ​တွေရဲ့​အသံကို နား​ထောင်ဖို့​၊​ အဲဒီလူ​တွေရဲ့​ အကြံပြုချက်​တွေကို ​တောင်း​ခံဖို့​ ဒါမျိုး​တွေ​တော့​ လိုအပ်တယ်။ ​နောက်တခုက လူထုကို ဘယ်လိုတိုက်တွန်း​မလဲ၊​ တိုက်တွန်း​တယ်ဆိုတဲ့​ ​နေရာမှာလည်း​ ပြည်သူလူထုအသံကို နား​ထောင်မယ်လို့​ ​ပြောထား​တယ်။ နား​ထောင်​နေတယ်လို့​လည်း​ ယုံကြည်တယ်။ အဲဒီအခါကျ​တော့​ ပြည်သူလူထု အသံကိုသာ များ​များ​ဖော်ထုတ်နိုင်မယ်ဆိုရင် အဲဒါဆိုရင် တနည်း​နည်း​နဲ့​ ပြည်သူလူထုအသံကို တကယ်နား​ထောင်​နေတယ်ဆိုရင်​တော့​ နှစ်ဖက် ချိတ်ဆက်မှုအရ အ​ပြောင်း​အလဲတခုခုကို ဦး​တည်မယ်လို့​ ယူဆပါတယ်။”

မြန်မာအိုင်စီတီဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ကို အရင်က မြန်မာဘ​လော့​ခ်ဂါ အစည်း​အရုံး​ MBS က အဖွဲ့​ဝင်​တွေ အပါအဝင် မြန်မာအိုင်စီတီ​လောက က လူငယ်​တွေ စု​ပေါင်း​ဖွဲ့​စည်း​ထား​တာဖြစ်ပြီး​ လက်ရှိ အ​ခြေအ​နေမှာ​တော့​ နည်း​ပညာ ဖွံ့​ဖြိုး​မှု ​နောက်ကျ​နေတဲ့​ဒေသ​တွေမှာ ကွန်ပျူတာ အ​ခြေခံနဲ့​ အင်တာနက် အ​ခြေခံ အသုံး​ပြုနည်း​နဲ့​အတူ သတင်း​မီဒီယာ အ​ခြေခံသင်တန်း​တွေကို ပညာဒါနအဖြစ် သင်ကြား​ ပို့​ချ​နေတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013