A d v e r t i s e m e n t With Us

ရေစကြိုတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်က လူနာ ၃၀၀ ကျော်ကို အခမဲ့ ကုသပေး

ရေစကြိုမြို့နယ်မှာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ လူနာ ၃၀၀ ကျော်လောက်ကို အခမဲ့ စမ်းသပ်ကုသပေးတာနဲ့ ပညာပေး ဟောပြောတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ပေါ်နဲ့ ကျောက္ကာကျေးရွာ၊ ကျူရွာနှံစပ်တောရွာ၊ ဆိတ်ချီးတောကျေးရွာတွေမှာ  ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်နေ့ထိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ ကြီးကြပ်သူတွေ၊ အလုပ်သင်ဆရာဝန်တွေ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း အယောက် ၄၀ တို့က ကွင်းဆင်း ပြုလုပ်ပေးခဲ့တာလို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှ ကထိက ဒေါက်တာအောင်မိုးလွင်က ပြောပါတယ်။ ရေစကြိုမြို့ရှိ ဒေသခံတဦးဖြစ်တဲ့ ဒေါ်အေးမူက “အသက် ၄၇ နှစ်ရှိပါပြီ။ ရေစကြိုမြို့နယ်မှာ ခုလို အခမဲ့ လာရောက် ဆေးကုသပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဆေးလာကုတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ သတင်း - မင်းထီး၊ ဓာတ်ပုံ - အောင်ကျော်ဇင်(ရေစကြို)

A d v e r t i s e m e n t With Us

More News
Up